Asia
သီရိလင်္ကာနိုင်ငံတွင် မီးလောင်နေသော သင်္ဘောမှ ဆီယိုစိမ့်မှုကို စောင့်ကြည့်လျက်ရှိ
ကိုလံဘို၊ မေ ၂၇ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းအနီး မီးလောင်နေသော နိုင်ငံခြားသင်္ဘောတစ်စီးမှ ဆီယိုစိမ့်မှုကို စောင့်ကြည့်လျက်ရှိကြောင်း၊ ဆီယိုစိမ့်မှုက နိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းရှိ Negombo ရေအိုင်ထံ ရောက်ရှိနိုင်ဖွယ်ရှိကြောင်း အာဏာပိုင်များက မေ ၂၆ ရက်က ပြောကြားခဲ့သည်။အိန္ဒိယနိုင်ငံ Hazira ဆိပ်ကမ်းမှ မေ ၁၅ ရက်က ထွက်ခွာလာသော Nitric Acid နှင့် အခြားသော ဓာတုပစ္စည်းများနှင့် အလှကုန် ၂၅ တန်ပါဝင်သော ကွန်တိန်နာ ၁,၄၈၆ ခုတင်ဆောင်လာသည့် စင်ကာပူနိုင်ငံ အလံဖြင့် မှတ်ပုံတင်ထားသော “X-PRESS PEARL” ကွန်တိန်နာသင်္ဘောမှ မီးတောက်များအား ငြှိမ်းသတ်ရန် မေ ၂၆ ရက် မွန်းတည့်ချိန်အထိ သီရိလင်္ကာ ရေတပ်နှင့် အိန္ဒိယရေတပ်မှ ကယ်ဆယ်ရေးအဖွဲ့များ ပါဝင်ခဲ့ကြောင်း သိရသည်။
မေ ၂၅ ညနေပိုင်းအထိ မီးလောင်နေသောသင်္ဘောအနီးရှိ သမုဒ္ဒရာတွင် လောင်စာဆီယိုစိမ့်မှု လက္ခဏာများတွေ့ရှိခဲ့ရပြီး ငါးဖမ်းလုပ်ငန်းဦးစီးဌာန၊ ပင်လယ်ပြင်သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အာဏာပိုင် (MEPA) ၊ ရေတပ်၊ ကမ်းခြေစောင့်နှင့် အခြားသောအာဏာပိုင်များက ဆီယိုစိမ့်မှု ထိန်းချုပ်ရန်နှင့် ပင်လယ်ပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နည်းပါးစေရန် လုပ်ဆောင်နေကြောင်း သီရိလင်္ကာ ငါးဖမ်းလုပ်ငန်းဆိုင်ရာ ပြည်နယ်ဝန်ကြီး Kanchana Wijesekera က ပြောခဲ့သည်။
အဆိုပါ နေရာတွင် ဒေသခံငါးဖမ်းသမားများက သင်္ဘောမှ အပျက်အစီးများနှင့် ကုန်စည်များအား Negombo ရေအိုင်ရှိ ကမ်းခြေတစ်လျှောက် တွေ့ရှိရပြီး အလားတူနေရာ၌ပင် ကုန်စည်ကွန်တိန်နာတစ်လုံးအား မေ ၂၆ ရက် အစောပိုင်းက တွေ့ရှိခဲ့ကြောင်း Wijesekera က ပြောခဲ့သည်။
ရေတပ်မှထုတ်ပြန်သည့် နောက်ဆုံးရ ဗီဒီယိုပြသချက်အရ ၎င်းသင်္ဘောသည် မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်းနှင့် ကယ်ဆယ်ရေးအဖွဲ့များက မီးငြှိမ်းသတ်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa ၏ ညွှန်ကြားချက်အရ ကျွမ်းကျင်သူအဖွဲ့က သင်္ဘောမှ လောင်စာဆီယိုစိမ့်မှု ထိန်းသိမ်းရန်နှင့် အပျက်အစီးများ ရှင်းလင်းရန် ဆောင်ရွက်နေကြောင်း Wijesekera က ဖြည့်စွက်ပြောခဲ့သည်။
Bell 212 ရဟတ်ယာဉ်များကလည်း မေ ၂၆ ရက် နံနက်ပိုင်းက မီးငြှိမ်းသတ်ရန် ဓာတုဗေဒအမှုန့်ခြောက် ၄၂၅ ကီလိုဂရမ် ပက်ဖြန်းခဲ့ကြောင်း သီရိလင်္ကာလေတပ်က ပြောခဲ့သည်။
အဆိုပါ သင်္ဘောတွင် သင်္ဘောသား ၂၅ ဦး လိုက်ပါသွားခဲ့ပြီး ၎င်းတို့အားလုံးကို မေ ၂၅ ရက်က သီရိလင်္ကာ ရေတပ်မှ ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ကယ်ဆယ်နိုင်ခဲ့သူများအနက် ဒဏ်ရာရ အိန္ဒိယနိုင်ငံသား ၂ ဦးကို ဆေးကုသမှုခံယူရန် ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ရေတပ်က ဆိုသည်။
လိုက်ပါသွားသော သင်္ဘောသားများမှာ ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယနှင့် ရုရှား နိုင်ငံသားများဖြစ်ကြောင်း သိရသည်။
သင်္ဘောသားများအနက် အိန္ဒိယ သင်္ဘောသားတစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိရကြောင်း ကျန်းမာရေးအာဏာပိုင်များက မေ ၂၆ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါ သင်္ဘောသည် မေ ၂၀ ရက်က ကိုလံဘိုဆိပ်ကမ်းသို့ နီးကပ်လာစဉ် ဘေးအန္တရာယ်ကျရောက်ကြောင်း အကြောင်းကြားခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ သင်္ဘောမီးလောင်ပြီးနောက် သီရိလင်္ကာ ရေတပ်က မီးထိန်းနိုင်ရန် သင်္ဘောဆီသို့ ချက်ချင်းတပ်ဖြန့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မီးလောင်နေသော သင်္ဘောမှ အဆိပ် သို့မဟုတ် အဆိပ်အတောက်ဖြစ်စေသော ပစ္စည်းများ သို့မဟုတ် အထုပ်များသည် ကိုလံဘိုကမ်းခြေများ၊ Negombo နှင့် အနီးဝန်းကျင်သို့ ရောက်ရှိနိုင်ကြောင်းနှင့် ပြည်သူများအား ကမ်းခြေများမှ ဝေးဝေးနေထိုင်ကြရန် သတိပေးထားကြောင်း MEPA က မေ ၂၅ ရက်က ပြောကြားခဲ့သည်။
အိန္ဒိယ အစိုးရက မီးလောင်နေသော သင်္ဘောတွင် မီးငြှိမ်းသတ်ရန် အိန္ဒိယ ကမ်းခြေစောင့် (ICG) Vaibhav ၊ ICG Dornier နှင့် Tug Water Lily တို့ကို အခင်းဖြစ်ရာနေရာသို့ မေ ၂၅ ရက်က စေလွှတ်ထားကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)
Sri Lanka monitors oil spill from burning vessel
COLOMBO, May 26 (Xinhua) — Sri Lankan authorities said on Wednesday it is monitoring an oil spill from a burning foreign vessel near the Port of Colombo, warning that the oil spill may waft towards the Negombo lagoon in the west coast of the country.
Till Wednesday noon, rescue teams from the Sri Lanka Navy and the Indian Navy were involved in joint efforts to douse the flames onboard the container ship “X-PRESS PEARL” registered under the flag of Singapore, which was carrying 1,486 containers with 25 tons of Nitric Acid and several other chemicals and cosmetics from the port of Hazira, India on May 15.
Sri Lankan State Minister of Fisheries Kanchana Wijesekera said that by Tuesday evening signs of oil spills were found in the ocean near the burning vessel and the fisheries Department, the Marine Environment Protection Authority (MEPA), the navy, the coast guard and other authorities were all working to contain the oil spill and minimize the damage to the marine environment.
Wijesekera said debris and cargo from the ship had been spotted along the beach in Negombo by local fishermen in the area and a cargo container had also been spotted early Wednesday in the same area.
The latest video footage released by the Navy showed that the vessel is still engulfed by flames and rescue teams were trying to douse the fire.
Wijesekera further said that on the instructions of President Gotabaya Rajapaksa, a team of experts is working to contain and clean the oil spill and debris from the ship.
The Sri Lanka Air Force said Bell 212 helicopters had dropped 425 kgs of dry chemical powder on Wednesday morning to help extinguish the fire.
The 25 crew members onboard the vessel were all rescued by the Sri Lanka Navy on Tuesday, and two injured Indian nationals among the rescued had been sent to a hospital for treatment, according to the Navy.
The crew members of the ship are Philippine, Chinese, Indian, and Russian nationals.
On Wednesday, health authorities said one of the Indian crew members had tested positive for COVID-19.
The vessel sent out a distress call while being close to the Colombo Port on May 20. After it caught fire, the Sri Lankan Navy immediately dispatched vessels to bring the fire under control.
On Tuesday, the MEPA said that the floating toxic or poisonous materials or packages from the burning ship may reach the shores of Colombo, Negombo and nearby areas and warned people to stay away from beaches.
To douse the fire on the burning vessel, the Indian government on Tuesday deployed Indian Coast Guard (ICG) Vaibhav, ICG Dornier and Tug Water Lily, among others, to the scene. Enditem
1-People roll a piece of item washed off to the shore from the burning foreign ship X-Press Pearl at Kapungoda, outskirts of Colombo, Sri Lanka, May 26, 2021. Sri Lankan authorities said on Wednesday it is monitoring an oil spill from a burning foreign vessel near the Port of Colombo, warning that the oil spill may waft towards the Negombo lagoon in the west coast of the country. Till Wednesday noon, rescue teams from the Sri Lanka Navy and the Indian Navy were involved in joint efforts to douse the flames onboard the container ship “X-PRESS PEARL” registered under the flag of Singapore, which was carrying 1,486 containers with 25 tons of Nitric Acid and several other chemicals and cosmetics from the port of Hazira, India on May 15. (Xinhua)
2-3-4 – Pieces of items from the burning foreign ship X-Press Pearl are seen washed to the shore of Kapungoda, outskirts of Colombo, Sri Lanka, May 26, 2021. Sri Lankan authorities said on Wednesday it is monitoring an oil spill from a burning foreign vessel near the Port of Colombo, warning that the oil spill may waft towards the Negombo lagoon in the west coast of the country. Till Wednesday noon, rescue teams from the Sri Lanka Navy and the Indian Navy were involved in joint efforts to douse the flames onboard the container ship “X-PRESS PEARL” registered under the flag of Singapore, which was carrying 1,486 containers with 25 tons of Nitric Acid and several other chemicals and cosmetics from the port of Hazira, India on May 15. (Xinhua)