Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် မကြာမီရက်များအတွင်း ကျရောက်မည့် မိုးသက်မုန်တိုင်းနှင့် မိုးသည်းထန်မှုများအတွက် သတိပေး

ကောင်းကင်မှ လျှပ်စီးလက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုလံဘို၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

လာမည့်ရက်များအတွင်း သီရိလင်္ကာနိုင်ငံရှိ နေရာများစွာ၌ မိုးသက်မုန်တိုင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ကျရောက်နိုင်ကြောင်း မိုးလေဝသဌာနက ဖေဖော်ဝါရီလ ၆ ရက်တွင် သတိပေးလိုက်သည်။

နောက်ဆုံးထုတ်ပြန်လိုက်သည့် မိုးလေဝသသတင်းအရ Sabaragamuwa ပြည်နယ်နှင့် နိုင်ငံ အနောက်ပိုင်း ပြည်နယ်များ၊ နိုင်ငံတောင်ပိုင်းရှိ Galle နှင့် Matara ခရိုင်များရှိ နေရာအချို့၌ မိုးရေချိန် ၇၅ မီလီမီတာ ရွာသွန်းနိုင်ကြောင်း သိရသည်။

“မိုးကြိုးပစ်ခြင်းမှ ပျက်စီးဆုံးရှုံးမှုများ လျော့ပါးစေရန် လုံလောက်တဲ့ ကြိုတင်ကာကွယ်ဖို့ အများပြည်သူအား လေးစားစွာ မေတ္တာရပ်ခံထားပါတယ်” ဟု မိုးလေဝသဌာနက ပြောကြားခဲ့သည်။

ထပ်မံ၍ အကြံပြုထားသည်မှာ ပြည်သူများအနေဖြင့် နားခိုရာနေရာများ ရှာဖွေထားရန်၊ ဖြစ်နိုင်ပါက နေအိမ်အတွင်း၌ နေထိုင်ကြရန်နှင့် သစ်ပင်များအောက်သို့ မသွားကြရန်၊ မိုးသက်မုန်တိုင်းကျရောက်စဉ် လယ်ကွင်းများ၊ စိုက်ခင်းများနှင့် ရေပြင်အပါအဝင် ကွင်းပြင်များတွင် နေထိုင်ခြင်းကို ရှောင်ရှားရန် အကြံပြုထားသည်။

ထို့ပြင် ပြည်သူများအား မိုးသက်မုန်တိုင်းကျရောက်နေစဉ် တယ်လီဖုန်းများ အသုံးပြုခြင်း၊ လျှပ်စစ်ပစ္စည်းများ ချိတ်ဆက်အသုံးပြုခြင်းများနှင့် စက်ဘီးများ၊ ထရပ်ကားများနှင့် လှေများ အပါအဝင် အမိုးဖွင့်ယာဉ်များ စီးနင်းခြင်းအား ရှောင်ရှားရန် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.