Asia
အင်ဒိုနီးရှား နိုင်ငံ တွင် ငါးဖမ်း သင်္ဘော တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ လူ ၆ ဦး သေဆုံး ခဲ့ပြီး ၇ ဦး ပျောက်ဆုံး

ဂျကာတာ ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှား နိုင်ငံ သဘာဝဘေး ကာကွယ်ရေး ဌာန က လူပေါင်း ၂၁ ဦး လိုက်ပါ ခဲ့သည့် ငါးဖမ်း သင်္ဘော တစ်စင်း သည် ဇူလိုင်လ ၁၉ ရက် ၌ East Java ပြည်နယ် အနီး တွင် တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ လူ ၆ ဦး သေဆုံးခဲ့ပြီး ၇ ဦး ပျောက်ဆုံး ခဲ့ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။
အင်ဒိုနီးရှား နိုင်ငံ သဘာဝဘေး ကာကွယ်ရေး ဌာန ပြောရေးဆိုခွင့် ရှိသူ က သင်္ဘော တိမ်းမှောက်မှု သည် ဇူလိုင် ၁၉ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ် တွင် ဖြစ်ပွား ခဲ့ကြောင်း ၊ ငါဖမ်း သင်္ဘော မှာ ကမ်းကပ်စဉ် အတွင်း ပင်လယ်ရေလိုင်း ရိုက်ခတ်မှုကြောင့် တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ အခင်း ဖြစ်ပွား ပြီးနောက် ကယ်ဆယ်ရေး အဖွဲ့ အနေဖြင့် လူ ၈ ဦး ကို ကယ်ဆယ်ပေး နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။
အင်ဒိုနီးရှား နိုင်ငံ သည် ကျွန်းများ ဖြင့် ဖွဲ့စည်း ထားသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး သင်္ဘော များမှာ ပြည်သူလူထု များ သွားလာ လုပ်ကိုင်စားသောက်သည့် အဓိက ယာဉ် အမျိုးအစား ဖြစ်သည်။ သို့သော် လုံခြုံရေး သတ်မှတ်ချက်များ အားနည်းသောကြောင့် သင်္ဘော အင်ဒိုနီးရှား နိုင်ငံ တွင် သင်္ဘော တိမ်းမှောက်မှု မကြာခဏ ဖြစ်ပွား လေ့ရှိပြီး ယခုလဆန်းပိုင်း တွင် အင်ဒိုနီးရှား နိုင်ငံ ၌ ဖြစ်ပွား ခဲ့သည့် သင်္ဘော တိမ်းမှောက်မှုကြောင့် လူပေါင်း ၃၄ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။(Xinhua)