Asia
အင်ဒိုနီးရှားစက်လှေတိမ်းမှောက် သေဆုံးသူ ၅၄ ဦးထိရှိလာ

ဂျကာတာ ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း၌ နိုဝင်ဘာလ ၂ ရက်က ဖြစ်ပွားခဲ့သော မြန်နှုန်းမြင့် (စပိဘုတ်) စက်လှေတိမ်းမှောက်မှုဖြစ်စဉ်အတွင်း သေဆုံးသူ ဦးရေမှာ ၅၄ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် အခြား လူ ၆ ဦးမှာလည်း ပျောက်ဆုံးလျက် ရှိနေကြောင်း အင်ဒိုနီးရှားနိုင်ငံအမျိုးသား ရှာဖွေရေး နှင့် ကယ်ဆယ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ Marsudi က ဆင်ဟွာသတင်းဌာနသို့ဖုန်းဖြင့် ဖြေကြားခဲ့သည်။
(Xinhua)