Connect with us

Asia

ဗီယက်နမ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေရာ ၄ ဦးသေ ၊ ၁၂ ဦးဒဏ်ရာရ

ဗီယက်နမ်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုအပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟနွိုင် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုဝင်ဘာလ ၂ ရက်နံနက်ပိုင်းက လူ ၄ ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း နှင့် အခြား ၁၂ ဦးမှာ ထိခိုက်ဒဏ်ရာရထားကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရသိရသည်။

သေဆုံးသူများထဲတွင် ၂ ဦးမှာ Quang Binh ပြည်နယ်မှ ဖြစ်ကြောင်း နှင့် အခြား ၂ ဦးမှာ Quang Tri ပြည်နယ် မှ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် Quang Binh ပြည်နယ်၌ လူတစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း ဗီယက်နမ်နိုင်ငံစိုက်ပျိုးရေး နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ရှိ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရေကြီးရေလျှံမှုကြောင့် လူနေအိမ်ပေါင်း ၃၆၇ လုံး ၊ စာသင်ခန်းပေါင်း ၃ဝဝ ခန်း နှင့် ကျန်းမာရေးဌာန ၆ ခု ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။ တစ်ပြိုင်တည်းမှာပင် စပါး နှင့် သီးနှံ စိုက်ပျိုးမြေ ၃ဝဝ ဟက်တာလည်း ရေလွှမ်းနစ်မြုပ်လျက် ရှိကြောင်း နှင့် ကျွဲနွား နှင့် ကြက်ဘဲ အကောင်ရေ စုစုပေါင်း ၆၂၅ဝ ကျော် ရေစီးနှင့်အတူ မျောပါ ပျက်စီးသွားကြောင်း သိရသည်။

ဗီယက်နမ် အမျိုးသား မိုးလေဝသဌာန၏ ခန့်မှန်းချက်အရ မိုးကြီးရေလျှံမှုသည် နိုဝင်ဘာလ ၅ ရက်ထိ ဆက်ပြီးဖြစ်ပေါ်နေနိုင်ကြောင်း ၊ နိုင်ငံ၏ အလယ်ပိုင်းဒေသတွင် မိုးရေချိန် ၁ဝဝ မီလီမီတာအထိ ဆက်လက် ရွာသွန်းနိုင်ကြောင်း နှင့် အချို့နေရာများတွင် မိုးရွာသွန်းမှုသည် ၂၅ဝ မီလီမီတာအထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.