Asia
အင်ဒိုနီးရှားနိုင်ငံ တွင် အင်အား ၅.၉ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်

ဂျာကာတာ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အနောက်ဆူမတြားပြည်နယ် ၌ ဇွန် ၁၃ ရက် အစောပိုင်းတွင် ရစ်ချ်တာစကေး ၅.၉ ပမာဏရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီ ဖြစ်ပေါ်နိုင်ခြေမရှိကြောင်း မိုးလေဝသ နှင့် ဘူမိရူပဌာန က ပြောကြားခဲ့သည်။
ငလျင်သည် Mentawai ကျွန်းများ၏ အနောက်တောင်ပိုင်း ၁၀၅ကီလိုမီတာ အကွာ ရှိ ပင်လယ်ကြမ်းပြင်အောက် အနက် ၄၁ကီလိုမီတာ ကို ဗဟိုပြု၍ ဒေသစံတော်ချိန် ဇွန် ၁၃ရက် နံနက် ၆း၀၈နာရီ တွင် လှုပ်ခတ်ခဲ့ကြောင်း ဌာနတာဝန်ရှိသူတစ်ဦး ဖြစ်သူ Jajat Djatmika ကပြောကြားခဲ့သည်။
၎င်းက ငလျင်လှုပ်ခတ်ပြီး ၅၈မိနစ်အကြာတွင် အင်အား ၅.၅ပမာဏရှိ နောက်ဆက်တွဲ ငလျင်တစ်ခုသည် Mentawai ကျွန်းများ၏ အနောက်တောင်ပိုင်း ၁၀၅ကီလိုမီတာ အကွာ ရှိ ပင်လယ်ကြမ်းပြင်အောက် အနက် ၁၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် “The Pacific Ring of Fire” ဟုခေါ်သော ငလျင်ဇုန်တွင်ကျရောက်နေ၍ ငလျင် မကြာခဏလှုပ်ခတ်လေ့ရှိကြောင်း သိရသည်။ (Xinhua)