Asia
အာဖဂန် နစ္စတန် နိုင်ငံ ကဘူးလ်မြို့၌ ပေါက်ကွဲမှု ဖြစ်ပွားရာ တစ်ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိ

ကဘူးလ် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)
အာဖဂန် နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ်၌ ဇူလိုင် ၂၈ ရက်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ တစ်ဦး သေဆုံးခဲ့ပြီး အခြား ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီး Wahidullah Mayar ၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။
“ပေါက်ကွဲမှု ဖြစ်ပွားပြီးတော့ ဆေးရုံကို ရုပ်အလောင်း တစ်လောင်းနဲ့ဒဏ်ရာ ရသူ ၁၃ ယောက် ရောက်ရှိ လာခဲ့ ပါတယ်။”ဟု ကျန်းမာရေး ဝန်ကြီး Wahidullah Mayar က ဆင်ဟွာသို့ပြောကြားခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုသည် သေနတ်ဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၊ မိနစ် ၄၀ အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ Nasrat Rahimi ၏ ပြောကြားချက် အရ သိရသည်။
ရဲတပ်ဖွဲ့ခရိုင် ၁၅ တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်သွေးကြွများသည် အဆောက်အဦ တစ်ခု ထဲသို့ ဝင်ရောက်ပြီး သမ္မတလောင်း ယှဉ်ပြိုင်ဘက် Amrullah Saleh ၏ ရုံးကို အနီးကပ် ပစ်ခတ်မှုများ စတင် ပြုလုပ်ခဲ့သဖြင့် ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း Rahimi က ပြောကြားခဲ့သည်။
ယင်းဧရိယာကို ရဲတပ်ဖွဲ့က ပိတ်ဆို့ဝန်းရံခဲ့ပြီး အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း Rahimi က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ဒေသတွင်း မီဒီယာများ၏ ဖော်ပြမှု အရ ပစ်ခတ်မှုများ နှင့် ပေါက်ကွဲမှု အတွင်း သမ္မတလောင်း ယှဉ်ပြိုင်ဘက် Amrullah Saleh မှာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ပြည်ထဲရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ Nasrat Rahimi က ယင်းသတင်းများအား ငြင်းဆိုခဲ့ပြီး သမ္မတ လောင်း ယှဉ်ပြိုင်ဘက် Amrullah Saleh ကို ကယ်ဆယ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ လုံခြုံသည့် နေရာ တစ်ခုသို့ပြောင်းရွှေ့ခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအား မည်သည့် အုပ်စုကမျှ ၎င်းတို့၏ လက်ချက် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိ သော်လည်း အရာရှိများက ရွေးကောက်ပွဲများအား ဖျက်ဆီးရန် ရည်ရွယ်သည့် တာလီဘန်များ အပါအဝင် အစိုးရကို ဆန့်ကျင်သော စစ်သွေးကြွများ၏ ပတ်သက်မှုကို ငြင်းဆိုမှု မပြုခဲ့ကြကြောင်း သိရသည်။
ရက် ၆၀ ကြာ အာဖဂန် နစ္စတန် နိုင်ငံ သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအား ဇူလိုင် ၂၈ ရက်တွင် စတင်ခဲ့ပြီး Amrullah Saleh သည် ဒုတိယ သမ္မတ(၁) နေရာ အတွက် ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်ကြောင်း ၊ Saleh က လက်ရှိ သမ္မတ Mohammad Ashraf Ghani ကို စက်တင်ဘာ ၂၈ ရက်တွင် စီစဉ်ထားသည့် ပြိုင်ပွဲတွင် ထောက်ခံထားကြောင်း သိရသည်။(Xinhua)