Connect with us

Asia

တရားမဝင် စုဝေးလှုပ်ရှားမှုတွင် ပါဝင်သူ ၂၉၅ ဦးကို မော်စကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့လယ်ခေါင်၌ ဇူလိုင် ၂၇ ရက်တွင် လူတစ်စုက ခွင့်ပြုချက်မဲ့ စုဝေးလှုပ်ရှားမှု ပြုလုပ်ခဲ့ရာ ယင်းလှုပ်ရှားမှုတွင် ပါဝင်သူ လူပေါင်း ၂၉၅ ဦးအား အများပြည်သူအား နှောက်ယှက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မော်စကိုမြို့ပြည်ထဲရေးဌာနက ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ သည်။

အဆိုပါ စုဝေးလှုပ်ရှားမှုတွင် ပါဝင်သူအများစုမှာ မော်စကိုမြို့မှ မဟုတ်ကြောင်း ၊ ဖမ်းဆီးထိန်းသိမ်း ထားသူများကို သက်ဆိုင်ရာ တရားစီရင်ရေးဌာနများသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း ကြေညာချက် တွင် ဖော်ပြထားသည်။

ထိုမတိုင်မီက လွှတ်တော် ရွေးကောက်ပွဲတွင် ပါဝင်လိုသူ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများကို ရွေးကောက်ပွဲကော်မရှင်မှ ပယ်ချခဲ့သည်ဟု သိရသည်။ လူအချို့က ယင်းကိစ္စကို အကြောင်းပြကာ ဇူလိုင် ၂၇ ရက် ဒေသ စံတော်ချိန် ၁၄ နာရီခန့်တွင် မော်စကို မြို့လယ်ခေါင်၌ စတင် စုဝေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခု စုဝေးလှုပ်ရှားမှုကို ခွင့်ပြုချက်မပေးထားကြောင်း ၊မော်စကိုမြို့၏လုံခြုံရေးအတွက် တရားဥပဒေ နှင့်အညီ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မော်စကို မြို့တော်ဝန် Sergey Sobyaninက ၎င်း၏ တွစ်တာလူမှုကွန်ရက်တွင် ယင်းနေ့အစောပိုင်းက ရေးသားဖော်ပြခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117