Connect with us

Asia

အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် ငလျင်ငယ် တစ်ခုလှုပ်ခတ်ခဲ့

ငလျင်ကြိမ်နှုန်းပြ ပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

စရီနာဂါ၊ ကက်ရှ်မီးယား၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် အင်အားအနည်းငယ်ရှိသော ငလျင် တစ်ခု ယနေ့ (စက်တင်ဘာလ ၂၃ ရက်) တွင် လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများ ပြောကြားချက်အရ သိရသည်။

အိန္ဒိယ မိုးလေဝသဋ္ဌာနအဆိုအရ အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၅း၄၄ နာရီက လှုပ်ခတ်ခဲ့ပြီး အင်အား ၄.၅ ရှိကြောင်း သိရသည်။

“ဒီနေ့ ငလျင်က ဂျာမူးနဲ့ ကက်ရှ်မီးယားဒေသ၊ မြောက်လတ္တီကျု ၃၄.၀ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု၇၄.၇ ဒီဂရီအကြား ဗဟိုပြုလှုပ်ခတ်ခဲ့တယ်။ ငလျင်အနက်ကတော့ ၁၅၀ ကီလိုမီတာပါ” ဟု အိန္ဒယ မိုးလေဝသဋ္ဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

တာဝန်ရှိသူများ အဆိုအရ ငလျင်ကြောင်း ကက်ရှ်မီးယားဒေသမှာ ပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရသည်။

စရီနာဂါမြို့သည် ငလျင်ဇုန် ၅ အတွင်း ကျရောက်နေပြီး ကက်ရှ်မီးယားဒေသ၏ အခြားနေရာများက ငလျင်ဇုန် ၄ အတွင်း ကျရောက်နေသည်။

ယင်း ကက်ရှ်မီးယားဒေသ Muzaffarabad တွင် ၂၀၀၅ ခုနှစ် အောက်တိုဘာလ ၈ ရက်က ပြင်းအား ၇.၄ ပမာဏရှိသော အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး ပျက်စီးမှု ကြီးမားခဲ့ကာ လူပေါင်း ၈၀,၀၀၀ သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.