Asia
အိန္ဒိယတွင် ဘိန်းဖြူ ၁၅၀၀ကီလိုဂရမ် ဖမ်းဆီးရမိ
နယူးဒေလီ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူများက ဂူဂျီရက်ကမ်းခြေအလွန်တွင် ဘိန်းဖြူ အလေးချိန် ၁၅၀၀ကီလိုဂရမ်ခန့် တင်ဆောင်လာသည့် ပနားမားသင်္ဘောတစ်စီးကို ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း ဇူလိုင် ၃၀ ရက်က ပြောကြားခဲ့သည်။
ကမ်းခြေစောင့်တပ်ဖွဲ့က သတင်းရရှိမှုပေါ်အခြေခံ၍ ပနားမားမှတ်ပုံတင်ထားသည့် MV Hennery သင်္ဘောအား ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများသည် နိုင်ငံတကာဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၅၄၆သန်း ခန့်တန်ဖိုးရှိကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ အကောက်ခွန်ဋ္ဌာန၊ ရေတပ် နှင့် အခြားထောက်လှမ်းရေးဋ္ဌာနများ ချိတ်ဆက်ပူးပေါင်း၍ ယင်းသင်္ဘော၏ ခရီးစဉ်အစ အဆုံးကို စုံစမ်းထောက်လှမ်းခဲ့ကြောင်း သိရသည်။ (Xinhua)