Connect with us

Asia

အိန္ဒိယတွင် မျက်စိခွဲစိတ်မှုအပြီး ပိုးဝင်မှုကြောင့် လူ ၁၁ဦး အမြင်အာရုံဆုံးရှုံး

အိန္ဒိယတွင် အတွင်းတိမ်ခွဲစိတ်မှုခံယူထားသူများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မတ် ၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အလယ်ပိုင်း Chhattisgarh ပြည်နယ် ရှိ ဆေးရုံတစ်ရုံတွင် မျက်စိအတွင်းတိမ်ခွဲစိတ်မှု ပြုလုပ်ပြီးနောက် လူ ၁၁ဦး အမြင်အာရုံဆုံးရှုံးခဲ့ကြောင်း သိရသည်။

အကြီးတန်း ကျန်းမာရေးဋ္ဌာန တာဝန်ရှိသူတစ်ဦးက ခရစ်ယာန်မိဿဟာဆေးရုံတစ်ခု တွင် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစ၍ အတွင်းတိမ်ခွဲစိတ်ကုသမှု ခံယူနေဆဲဖြစ်သော လူနာ ၉၆ဦးအနက် ၁၁ဦးမှာ ခွဲစိတ်မှုနောက်ပိုင်း ရောဂါပိုးဝင်မှုကြောင့် မျက်လုံးတစ်လုံး အမြင်အာရုံဆုံးရှုံးခဲ့ရကြောင်း မတ် ၂ရက်ကပြောကြားခဲ့သည်။

ပြည်နယ်အစိုးရက အဆိုပါဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရသည်။ကျန်းမာရေးဋ္ဌာန ပြည်နယ် ညွှန်ကြားရေးမှူး Ranu Sahu က လူ၁၁ဦး၏ မျက်လုံးတွင် ပြင်းထန်သည့် ရောဂါပိုးဝင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့ပြီး အဆိုပါ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း မီဒီယာသို့ပြောကြားခဲ့သည်။

ပြည်သူများ အမြင်အာရုံဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတစ်ဝန်းရှိ ဆေးရုံများ နှင့် အစိုးရမဟုတ်သော ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများ မကြာခဏ စုစည်း၍ အခမဲ့ (သို့) စရိတ်မျှပေးပုံစံဖြင့် အတွင်းတိမ်ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.