Connect with us

Asia

အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် လေယာဉ်ပြေးလမ်းချော်၍ နှစ်ပိုင်းကျိုးပျက်ကာ လူ ၁၇ ဦးသေဆုံး

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်ရှိ Kozhikode လေဆိပ်တွင် လေယာဉ်ပျက်ကျမှုဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးသမားများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်သမားများက ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်တွင် လေယာဉ်ပြေးလမ်းချော်၍ နှစ်ပိုင်းကျိုးပျက်ကာ လေယာဉ်မှူးနှစ်ဦးအပါအဝင် လူ ၁၇ ဦးသေဆုံးခဲ့ပြီး တစ်ရာကျော်ဒဏ်ရာရရှိခဲ့ကြောင်း Air India Express က ဩဂုတ် ၈ ရက်နံနက်ပိုင်း၌ အတည်ပြုပြောကြားခဲ့သည်။ 

လက်ရှိအချိန်အထိ လေယာဉ်မှူးနှစ်ဦးအပါအဝင် လူ ၁၇ ဦးသေဆုံးကြောင်းနှင့် လေယာဉ်ဝန်ထမ်း လေးဦး အန္တရာယ်ကင်းကြောင်း ကုမ္ပဏီက ကြေညာချက်၌ ပြောကြားထားသည်။ 

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်ရှိ Kozhikode လေဆိပ်တွင် လေယာဉ်ပျက်ကျမှုဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးသမားများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်သမားများက ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်ရှိ Kozhikode လေဆိပ်တွင် လေယာဉ်ပျက်ကျမှုဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးသမားများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်သမားများက ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် (ဆင်ဟွာ)

အဆိုပါ ဖြစ်ရပ်သည် အိန္ဒိယစံတော်ချိန် ၁၉:၄၁ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် ခရီးသည် ၁၈၉ ဦး၊ လေယာဉ်မှူးနှစ်ဦးနှင့် လေယာဉ်ဝန်ထမ်း လေးဦး အပါအဝင် လူပေါင်း ၁၉၅ ဦးခန့် လိုက်ပါလာခဲ့သည်။ 

အဆိုပါ လေယာဉ်သည် COVID-19 ကပ်ရောဂါကြောင့် ဒူဘိုင်းမြို့တွင် သောင်တင်နေသော အိန္ဒိယနိုင်ငံသားများအား တင်ဆောင်လာသည့် ဘိုးရင်း ၇၃၇ ကယ်ဆယ်ရေးလေယာဉ်ဖြစ်ပြီး ဩဂုတ် ၇ ရက် ညနေပိုင်းက ဒူဘိုင်းမှ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်ရှိ Kozhikode အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာလာရာ ပြေးလမ်းချော်သွားခဲ့ပြီး  လေယာဉ် နှစ်ပိုင်းကျိုးပျက်သွားခဲ့ကြောင်း သိရသည်။ 

အခင်းဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရှိရသေးသော်လည်း မီဒီယာ၏သတင်းဖော်ပြချက်များအရ လေယာဉ်မှူးများသည် မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ လေယာဉ်ဆင်းသက်ရန် ကြိုးပမ်းစဉ် ပြေးလမ်းမှချော်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

လေယာဉ်ပျက်ကျမှုတွင် ပါဝင်သူများအား အခင်းဖြစ်ရာနေရာမှ ရွှေ့ပြောင်းပေးခဲ့ပြီး ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုပေးထားကြောင်း သိရသည်။ 

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက တွစ်တာပေါ်၌ ကြေကွဲဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး ထိခိုက်နစ်နာခဲ့ရသူများအားလုံးကို အာဏာပိုင်များက ကူညီထောက်ပံ့မှုများ ပေးအပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.