Asia
အိန္ဒိယနိုင်ငံဘက်ကထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် အိုင်အက်စ် တပ်မှူး တစ်ဦးသေဆုံး

နယူးဒေလီ၊ မေ ၁၀ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံဘက်ကထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ Sopore ခရိုင်တွင် ရင်ဆိုင်တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ရာ အလိုရှိဆုံး အကြမ်းဖက်သမား ဇာကာမူဆာ (Zakir Moosa) ၏ အနီးကပ်လက်ထောက်တစ်ဦးဖြစ်သူ အိုင်အက်စ်တပ်မှူး အစ္စရှ်ဖက် အာမတ် ဆိုဖီ (Ishfaq Ahmad Sofi) သေဆုံးသွားခဲ့ကြောင်း အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့က မေလ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
အစ္စရှ်ဖက်သည် အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသရှိ အကြမ်းဖက်အဖွဲ့တွင် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်နိုင်ဖွယ်ရှိသည်။
ဒေသခံ မီဒီယာသတင်းများအဆိုအရ အစ္စရှ်ဖက်သည် ဇာကာမူဆာ၏ လက်အောက်တွင် ISJK (Islamic State Jamu and Kashmir) ၏ တပ်မှူးတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။ (Xinhua)