Connect with us

Asia

ထိုင်းနိုင်ငံဝန်ကြီးချုပ်က အထက်လွှတ်တော်အမတ် အယောက် ၂၅၀၏ စာရင်းအား ဘုရင့်ထံသို့ တင်ပြ

ထိုင်းနိုင်ငံဘုရင် မဟာ ဗီဂျီရာလောင်ကွန်း(Maha Vajiralongkorn) အားတွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ မေ ၁၁ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ(Prayut Chan-o-cha) က ထိုင်းနိုင်ငံ ဘုရင် မဟာ ဗီဂျီရာလောင်ကွန်း(Maha Vajiralongkorn) ထံသို့ အထက်လွှတ်တော်အမတ်၂၅၀ ၏ စာရင်းအား တင်ပြပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံအစိုးရ၏ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Thaksada Sangkhachan က မေလ ၁၀ ရက်တွင် ပြောခဲ့သည်။

ဝန်ကြီးချုပ်က အထက်လွှတ်တော်အမတ် အယောက် ၂၅၀ ၏ စာရင်းကို မေလ ၁၀ ရက်တွင် တင်ပြခဲ့ခြင်းဖြစ်ပြီး ၎င်းအမတ်များကိုငြိမ်းချမ်းရေး နှင့် ငြိမ်ဝပ်ပိပြားရေး အမျိုးသားကောင်စီမှ ဥပဒေနှင့် အညီ ရွေးချယခြင်းဖြစ်ကာ အမတ်ဖြစ်ဖြစ်ပြီး ဘုရင်ထံ အတည်ပြုချက်ရယူရန်အတွက် တင်ပြခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါလျာထားသည့် အထက်လွှတ်တော်အမတ်များထဲတွင် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဟောင်းများဖြစ်ကြသော Mr. Prajin Juntong နှင့် Chatchai Sarikulya တို့အပါအဝင် ပရာယွတ်အစိုးရအဖွဲ့မှ ၁၅ ဦးနှင့် အမျိုးသားဥပဒေပြုလွှတ်တော်မှ ဥပဒေပြုအမတ်ဟောင်းများလည်း အများအပြား ပါဝင်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်ထိုင်းနိုင်ငံ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွှေးကောက်ခံ အောက်လွှတ်တော်အမတ် ၅၀၀ နှင့် အထက်လွှတ်တော်အမတ် ၂၅၀ တို့က ဝန်ကြီးချုပ်အသစ်ကို အတူတကွ ရွေးကောက်တင်မြှောက်ကြမည်ဖြစ်ကြောင်း ပါရှိသည်။

အထက် လွှတ်တော် အမတ် အယောက် ၂၅၀ နှင့်အတူ ဝန်ကြီးချုပ်အသစ်အား လွှတ်တော်နှစ်ရပ်မှ အမတ်များက အတူတကွရွေးချယ်အပြီးတွင် ထိုင်းနိုင်ငံ၏ အောက်လွှတ်တော် အစည်းအဝေးကို မကြာမီကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.