Connect with us

Asia

အိန္ဒိယမြောက်ပိုင်းတွင် ဘတ်စ်ကားတစ်စီး မြစ်ထဲပြုတ်ကျ၍ လူ ၂၀ဦးသေဆုံး

အိန္ဒိယတွင် မြစ်ထဲပြုတ်ကျသွားသည့် ဘတ်စ်ကားအား လူအင်အားဖြင့် ဆွဲတင်နေစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံမြောက်ပိုင်း Rajasthan ပြည်နယ် တွင် ဒီဇင်ဘာ ၂၃ ရက် က ခရီးသည်တင်ဘတ်စ်ကားတစ်စီး မြစ်ထဲသို့ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၂၀ဦးသေဆုံးပြီး အခြားလူ ၂၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

မတော်တဆမှုသည် Rajasthan ပြည်နယ် Sawai Madhopur ခရိုင် Dubiမြို့တွင် ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အကြီးတန်းရဲအရာရှိတစ်ဦးက ခရီးသည် ၅၀ဦးတင်ဆောင်လာသော ဘတ်စ်ကားသည် Banasမြစ်ကို တံတားပေါ်မှ ဖြတ်ကျော်နေစဉ် အရှိန်မထိန်းနိုင်ဘဲ မြစ်ထဲသို့ ပြုတ်ကျသွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြစ်အတွင်းမှ ရုပ်အလောင်း ၂၀ကို ဆယ်ယူရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကိုလည်း ဒေသခံဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးခဲ့ကာ ၎င်းတို့အနက် အနည်းဆုံး လူ ၁၂ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ၎င်းကပြောကြားခဲ့သည်။တာဝန်ရှိသူများ က ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပြီး ယင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.