Asia
အိန္ဒိယအနောက်ပိုင်းတွင် ယာဉ်တိုက်မှုကြောင့် လူ၈ဦးသေဆုံး
နယူးဒေလီ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရက်ပြည်နယ် တွင် မော်တော်ယာဉ်တစ်စီး နှင့် ကုန်တင်ကားတစ်စီးတိုက်မိခဲ့ရာ မီးလောင်ကျွမ်းခဲ့ပြီး အနည်းဆုံးလူ ၈ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁၈ ရက်တွင်ပြောကြားခဲ့သည်။
မတော်တဆမှုသည် ပြည်နယ်အတွင်းရှိ မော်ဘီခရိုင် ရှိ တန်ကာရာမြို့အနီးရှိ Rajkot-Morbi အဝေးပြေးလမ်းမ ပေါ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိသားစုဝင် ၉ဦး လိုက်ပါလာသော မော်တော်ယာဉ်သည် ဇူလိုင် ၁၇ ရက် တွင် ကုန်တင်ကား နှင့် ခေါင်းချင်းဆိုင်တိုက်မိပြီးနောက် မီးလောင်ကျွမ်းခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူ တစ်ဦးကို နီးစပ်ရာ ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး က ပြောကြားခဲ့သည်။
၎င်းက ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှုကြောင့်လူသေဆုံးမှုအများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ယာဉ်မတော်တဆများသည် ယာဉ်မဆင်မခြင်မောင်းနှင်မှုနှင့် လမ်းများ၊ မော်တော်ယာဉ်များ အခြေအနေ ယိုယွင်းနေခြင်းတို့ကြောင့် အများဆုံးဖြစ်ပွားတတ်ကြောင်း သိရသည်။ (Xinhua)