Asia
အိန္ဒိယ၏ ပထမဆုံး မောင်စြင်္ကာဝဠာ အသက် ၁၀၄ နှစ်အရွယ်၌ သေဆုံး

နယူးဒေလီ၊ ဇွန် ၆ ရက် (ဆင်ဟွာ)
Pocket Hercules ဟု လူသိများ ကျော်ကြားသည့် အိန္ဒိယနိုင်ငံ၏ ပထမဆုံး မောင်စြင်္ကာဝဠာနှင့် ကာယဗလမောင် မန်နိုဟာ အစ်ရှ် (Manohar Aich) သည် အသက် ၁၀၄ နှစ်အရွယ်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဘင်္ဂလား ပြည်နယ်၏ မြို့တော် ကိုလ်ကတ္တားရှိ ၎င်း၏ နေအိမ်၌ ဇွန်လ ၅ ရက်က သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက မီဒီယာသို့ ပြောကြားခဲ့သည်။
အစ်ရှ်သည် ၁၉၅၂ ခုနှစ်က မောင်စြင်္ကာဝဠာဆု ရရှိခဲ့သည့် ပထမဆုံး အိန္ဒိယနိုင်ငံသား ဖြစ်သည်။
၁၉၅၀ ခုနှစ်တွင် မစ္စတာ ဟာကျူလီဆုအား အစ်ရှ်က အသက် ၃၆ နှစ်အရွယ်တွင် ရရှိခဲ့ပြီး များမကြာမီအချိန် တွင် ၄ ပေ ၁၁ လက်မသာ ရှိသော ၎င်း၏ အရပ်အမောင်းကြောင့် Pocket Hercules ဟု အမည်ရရှိခဲ့သည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် အပိုင်ဖြစ်သွားခဲ့သည့် Comilla ခရိုင်၌ အစ်ရှ်အား မွေးဖွားခဲ့ကာ နာမည်ကြီး မျက်လှည့်ပညာရှင် အဖြစ် အသက်မွေးခဲ့ပြီး ၁၉၄၂ ခုနှစ်တွင် အိန္ဒိယ တော်ဝင် လေတပ်သို့ ဝင်ရောက်ခဲ့သည်။
ထို့နောက် အစ်ရှ်သည် ဗြိတိသျှ အရာရှိ ရုဘ်မာတင် အားပေးမှုဖြင့် ကာယဗလ လုပ်ငန်းသို့ ဝင်ရောက်ခဲ့ပြီး “နေ့စဉ် လေ့ကျင့်ခန်း လုပ်သူဟာ ဘယ်တော့မှ မကျဆုံးဘူး” ဟူသော စကားလုံးမှာ ၎င်း၏ ထင်ရှားသည့် ပြောစကား ဖြစ်သည်။ (Xinhua)