Connect with us

Asia

ဂျပန်နိုင်ငံရှိ စစ်အခြေစိုက်စခန်း၌ ရောက်ရှိနေသော အမေရိကန် ရေတပ်ဖွဲ့ဝင်များအား အရက်သောက်ခွင့် ပိတ်ပင်

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်တွင် အသက် ၂ဝ အရွယ် ဂျပန် အမျိုးသမီးတစ်ဦး မုဒိန်းကျင့် သတ်ဖြတ် ခံရပြီးနောက်တွင် အမေရိကန် စစ်အခြေစိုက်စခန်းအား ကန့်ကွက် ဆန္ဒပြနေကြစဉ် (ဆင်ဟွာ)

တိုကျို ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်ဖက်မှ မူးယစ်သောက်စားပြီး ကားမောင်းမှု တစ်ခုအပြီး အိုကီနာဝါရှိ အမေရိကန် စစ်စခန်းများအား ကန့်ကွက် ဆန့်ကျင်မှုများ တိုးပွားလာခြင်းကြောင့် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော အမေရိကန် ရေတပ်ဖွဲ့ဝင်များအား အရက်သောက်သုံးခွင့်ကို ပိတ်ပင်လိုက်ကြောင်း အမေရိကန် ရေတပ်က ဇွန်လ ၆ ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

အဆိုပါ အရက်သောက်သုံးခွင့် ပိတ်ပင်တားဆီးသည့် အမိန့်အား ပြန်လည်ပယ်ဖျက် မပေးမခြင်း ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် ရေတပ် တပ်ဖွဲ့ဝင်များသည် ရေတပ် အခြေစိုက်စခန်းတွင် ဖြစ်စေ ၊ ပြင်ပတွင်ဖြစ်စေ အရက်သောက်သုံးခွင့် လုံးဝ မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လွန်ခဲ့သော ရက်သတ္တပတ်က အမေရိကန် ရေတပ်အရာရှိ တစ်ဦးသည် မူးယစ်သောက်စားပြီး ကားမောင်းရာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ၎င်းယာဉ်တိုက်မှုကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရကာ တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း အိုကီနာဝါ ရဲတပ်ဖွဲ့က ဆိုသည်။
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက “ မူးယစ်သောက်စားပြီး ကားမောင်းတာဟာ သိပ်ကို ဆိုးဝါးလွန်းပါတယ်။ သူတို့(အမေရိကန်စစ်သား) တွေဟာ စည်းကမ်းကို အပြည့်အဝ လိုက်နာဖို့ကြိုးပမ်း အားထုတ်ရမှာပါ” ဟု Jiji သတင်းစာသို့ပြောကြားသည်။
၂ဝ၁၆ ခုနှစ် မေလ တွင် အသက် ၂ဝ နှစ်အရွယ် ဂျပန်အမျိုးသမီးတစ်ဦးအား မုဒိန်းကျင့် ၊ သတ်ဖြတ်ပြီး စွန့်ပစ်ထားခဲ့မှု စွပ်စွဲချက်ဖြင့် အိုကီနာဝါ စစ်အခြေစိုက် စခန်းမှ အမေရိကန် တပ်ဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီး အရေးယူထားသည်။
အမေရိကန် စစ်သားများ၏ ဆိုးဝါးသော အပြုအမူများကြောင့် အိုကီနာဝါ စစ်အခြေစိုက်စခန်း ဖွင့်ထားခြင်းအပေါ် ကန့်ကွက် ဆန္ဒပြမှုများဖြင့် ပြင်းပြင်းထန်ထန် ကြုံတွေ့နေရသည်။ ပြီးခဲ့သော မေလက အမေရိကန်သမ္မတ အိုဘားမား၏ ဂျပန်နိုင်ငံ အလည်အပတ် ခရီးစဉ်တွင် အမေရိကန် တပ်ဖွဲ့ဝင်များအပေါ် စစ်အမိန့်များ ထုတ်ပြန်ထားကြောင်းနှင့် စည်းကမ်း လိုက်နာရန် တင်းတင်းကြပ်ကြပ် အမိန့်ချမှတ် ထားကြောင်း ကတိပြု ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံတွင် အမေရိကန် တပ်ဖွဲ့ဝင် ၄၇,ဝဝဝ ခန့်ရှိပြီး ထက်ဝက်ကျော်မှာ အိုကီနာဝါတွင် တပ်စွဲထားကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.