Asia
အီရန်နိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် လူ ၂၁ ဦးသေဆုံး
တီဟီရန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ အလယ်ပိုင်း Isfahan ပြည်နယ်တွင် မီးလောင်လွယ်သော ပစ္စည်းများ သယ်ဆောင်လာသော နောက်တွဲယာဉ်တစ်စီးနှင့် ခရီးသည်တင်ဘတ်စ်ကားတစ်စီး တိုက်မိရာ လူ ၂၁ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တစ်စိတ်တစ်ပိုင်းတာဝန်ရှိသူက ISNA သတင်းအေဂျင်စီက စက်တင်ဘာလ ၁၈ ရက်တွင် ပြောကြားလိုက်သည်။
အဆိုပါ ခရီးသည်တင်ဘတ်စ်ကားသည် တီဟီရန်မြို့မှ နိုင်ငံတောင်ပိုင်းရှိ ကာမန်မြို့သို့ ဦးတည်သွားနေခြင်း ဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက် နံနက်အစောပိုင်းက ယခုလို ယာဉ်တိုက်မှုဖြစ်ပွားရခြင်း ဖြစ်ကြောင်း Isfahan ရဲတပ်ဖွဲ့ရုံးမှ Javad Dorostkar က ISNA သို့ ပြောကြားခဲ့သည်။
ဘတ်စ်ကားပေါ်မှ ခရီးသည် ၁၉ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အခြားသူ ၂ ဦးမှာမူ ဆေးရုံရောက်ပြီးနောက် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း Dorostkar က ပြောခဲ့သည်။ (Xinhua)