Connect with us

Australia / Oceania

ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်လုပ်ဆောင်မှုက တရုတ်နိုင်ငံ နှင့် ပစိဖိတ်ဒေသ ကျွန်းနိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းတစ်ခုကို ဖော်ဆောင်ပေးနေ

ပါပူဝါနယူးဂီနီနိုင်ငံတွင် နိုဝင်ဘာ ၁၇ ရက်ကကျင်းပသော APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်လာသော နိုင်ငံခေါင်းဆောင်များ နှင့် ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ပို့မော့စ်ဘီ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ အဆိုတင်သွင်းသော ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်လုပ်ဆောင်မှုသည် တရုတ်နိုင်ငံ နှင့် ပစိဖိတ်ဒေသ ရှိ ကျွန်းနိုင်ငံများအကြား ပို၍ ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းများကို ဖန်တီးပေးနေပြီး ကမ္ဘာ့စီးပွားရေးစနစ်အတွင်းသို့ ယင်းနိုင်ငံများ စုစည်းဝင်ရောက်နိုင်စေရန် လမ်းကြောင်းတစ်ခုကို ဖော်ဆောင်ပေးခြင်းဖြစ်သည်။

၂၀၁၈ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး ကျင်းပရာ ပါပူဝါနယူးဂီနီနိုင်ငံသည် မေလတွင် အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) သို့ ဝင်ရောက်လာခဲ့ပြီး ဇွန်လတွင် ခေတ်သစ်ပိုးလမ်းမကြီးပူးပေါင်းဆောင်ရွက်မှု နှင့်ပတ်သက်၍ တရုတ်နိုင်ငံ နှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သည့် ပထမဆုံးသော ပစိဖိတ်ကျွန်းနိုင်ငံတစ်ခုဖြစ်လာခဲ့သည်။

ပါပူဝါနယူးဂီနီနိုင်ငံ ဝန်ကြီးချုပ် Peter O’Neill က ပါပူဝါနယူးဂီနီနိုင်ငံ ကဲ့သို့သော နိုင်ငံတကာမှ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်အဖော်မှုသည် ကောင်းမွန်သော လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ငွေကြေးလုပ်ငန်းများ နှင့် အခြေခံအဆောက်အအုံတည်ဆောက်မှုများတွင် တရုတ်နိုင်ငံ နှင့်အတူ လက်တွဲ၍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေခြင်းကြောင့်ဖြစ်ကြောင်း နှင့် ခေတ်သစ်ပိုးလမ်းမကြီးသည် ဈေးကွက်များကို ဖွင့်လှစ်ပေးနိုင်ပြီး ပြည်သူများ၏ နေထိုင်မှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ခေတ်သစ်ပိုးလမ်းမကြီးသည် နိုင်ငံအားလုံးအတွက် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုုပ်နှံမှုများကို မြှင့်တင်ပေးနိုင်၍ ပါပူဝါနယူးဂီနီနိုင်ငံ အတွက်သာမက ဒေသတွင်း နှင့် တစ်ကမ္ဘာလုံးအတွက်ပါ အရေးပါကြောင်းပြောကြားခဲ့သည်။

နိုဝင်ဘာလအစောပိုင်းတွင် ဖီဂျီနိုင်ငံသည်လည်း ခေတ်သစ်ပိုးလမ်းမကြီး မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် တရုတ်နိုင်ငံ နှင့် နားလည်မှု စာချွန်လွှာ တစ်ခုကို ချုပ်ဆိုခဲ့သည်။

ဖီဂျီနိုင်ငံ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းရေးမှူး Yogesh Karan က ဖီဂျီနိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးကို အလေးထားပြီး ထောက်ခံသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအောင်လုပ်ဆောင်ရင်း ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နှင့် သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့သည့် ပထမဆုံးသော ပစိဖိတ်ကျွန်းနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့် ဆာမိုအာနိုင်ငံ ကလည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် တရုတ်နိုင်ငံ နှင့် လက်တွဲ၍ လုပ်ဆောင်ရန် စိတ်ပါဝင်စားကြောင်း ဖော်ပြခဲ့သည်။

၂၀၁၃ခုနှစ်တွင် တရုတ်နိုင်ငံက အဆိုတင်သွင်းခဲ့သော ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှုတွင် စီးပွားရေးပိုးလမ်းမကြီး နှင့် ၂၁ရာစု ရေကြောင်းပိုးလမ်းမကြီးတို့ ပါဝင်ပြီး အာရှတိုက်ကို ဥရောပ နှင့် အာဖရိကတိုက်တို့ နှင့် ချိတ်ဆက်ပြီး ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ ကွန်ရက်တစ်ခုကို တည်ဆောက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ပစိဖိတ်ဒေသရှိ ကျွန်းနိုင်ငံအများအပြား တွင် ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှု၊ ကမ္ဘာတစ်ဝန်းလုံး နှင့် ဆက်သွယ်လုပ်ဆောင်မှုရာတွင် အရေးပါသည့် အခြေခံအဆောက်အအုံလိုအပ်ချက်များ မြင့်မားနေပြီး ချိတ်ဆက်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားသည့် ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှု၏ အဓိက ဦးတည်ချက် နှင့် ကိုက်ညီနေသည်။

ပါပူဝါနယူးဂီနီနိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအာဏာပိုင်အဖွဲ့ အမှုဆောင်အရာရှိချုပ် Jerry Agus က အခြေခံအဆောက်အအုံသည် ပစိဖိတ်ဒေသမှ ကျွန်းနိုင်ငံများအတွက် အလွန်အရေးပါကြောင်း၊ အခြေခံအဆောက်အအုံ မရှိဘဲ မည်သည်ကိုမျှ ဆောင်ရွက်၍မရကြောင်း၊ နိုင်ငံ၏ ပထဝီအနေအထား ပတ်ဝန်းကျင်သည် သွားလာရေးအလွန်ခက်ခဲသောကြောင့် လမ်းများ၊ လေဆိပ်များ နှင့် တံတားများ လိုအပ်နေကြောင်း ပြောကြားခဲ့သည်။

ပါပူဝါနယူးဂီနီနိုင်ငံသည် ၎င်း၏ တိုးတက်နေသော စီးပွားရေး၏ တောင်းဆိုချက်အရ အခြေခံအဆောက်အအုံ စီမံကိန်းများကို ဆောင်ရွက်နေဆဲဖြစ်သည်။

ပါပူဝါနယူးဂီနီနိုင်ငံ Southern Highlands ပြည်နယ်အစိုးရ၏ ယာယီအုပ်ချုပ်ရေးမှူး Joseph Cajetan က ပြည်နယ်အတွင်း တက္ကသိုလ်တစ်ခု တည်ဆောက်ခြင်း၊ လေဆိပ်အားတိုးချဲ့ခြင်း နှင့် ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန် စီစဉ်နေကြောင်း၊ ထို့အပြင် ပြည်နယ်၏ လျှပ်စစ်လိုအပ်ချက်ကို မပြည့်မီသေး၍ ရေအားလျှပ်စစ်ထုတ်လုပ်ရေးစခန်းတစ်ခု အား အဆင့်မြှင့်တင်ရန် လိုအပ်နေကြောင်း ပြောကြားခဲ့သည်။

ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှုသည် ပါပူဝါနယူးဂီနီနိုင်ငံ အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေကြောင်း အထူးသဖြင့် လျှပ်စစ်ဓါတ်အားထောက်ပံ့မှုအတွက် ပိုမို အကျိုးအမြတ်ရရှိကြောင်း အဘယ့်ကြောင့်ဆိုသော နိုင်ငံသည် လျင်မြန်စွာ တိုးတက်နေ၍ စွမ်းအင်လိုအပ်ချက်ကြီးမားပြီး စွမ်းအင်ထောက်ပံ့မှု မလုံလောက်ကြောင်း နှင့် တရုတ်နိုင်ငံ မှ စီးပွားရေးလုပ်ငန်းရှင်များ (သို့) အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်မှုစာချုပ်များ ပိုမိုချုပ်ဆိုသွားရန် အဆင်သင့်ဖြစ်နေကြောင်း ၎င်းကပြောကြားခဲ့သည်။

ချိတ်ဆက်ဆောင်ရွက်မှုများအတွက် ငွေကြေးဆိုင်ရာလုပ်ငန်းများသည် အရေးပါသဖြင့် ပါပူဝါနယူးဂီနီနိုင်ငံ ၊ ဖီဂျီနိုင်ငံ၊ ဆာမိုအာနိုင်ငံ၊ တန်ဂါနိုင်ငံ၊ ကွတ်အိုင်းလန်းစ်နိုင်ငံ၊ ဗာနူတူနိုင်ငံ နှင့် အခြားနိုင်ငံများ သည် အခြေခံအဆောက်အအုံ၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများအား မြှင့်တင်ရန် AIIB ဘဏ် နှင့် ချိတ်ဆက်ခဲ့သည်။

ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ပြန့်နက်ရှိုင်းလာခြင်း နှင့် အတူ ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှု ၏ အဓိပ္ပါယ်သည်လည်း ကျယ်ပြန့်လာကာ ဒစ်ဂျစ်တယ် ပိုးလမ်းမကြီး နှင့် အစိမ်းရောင်ပိုးလမ်းမကြီး တို့ပါဝင်လာပြီး တရုတ်နိုင်ငံ နှင့် ပစိဖိတ်ဒေသ ကျွန်းနိုင်ငံများ အတူတကွ လုပ်ဆောင်ရန် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနေကြောင်း သိရသည်။

ယခုနှစ် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သော “အခွင့်အလမ်းမှန်သမျှ အသုံးချ၊ ဒီဂျစ်တယ်အနာဂတ်ကို လက်ခံကြ” သည် တရုတ်နိုင်ငံ နှင့် ပစိဖိတ်ဒေသ ကျွန်းနိုင်ငံများသည် စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ အခြေခံအဆောက်အအုံ နှင့် သဘာဝအရင်းအမြစ်များကဲ့သို့သော ရှေးရိုးအစဉ်အလာကျသည့် ကဏ္ဍများကို ကျော်လွန်ပြီး ဒီဂျစ်တယ်စီးပွားရေး ကဲ့သို့ ပေါ်ထွန်းစ စီးပွားရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို ညွှန်ပြနေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ လူမှုသိပ္ပံအကယ်ဒမီ ရှိ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးဌာန မှ သုတေသီ Xu Xiujun ကပြောကြားခဲ့သည်။

ပါပူဝါနယူးဂီနီနိုင်ငံ ရှိ အသေးစား နှင့် အလတ်စား နည်းပညာ ကုမ္ပဏီ မှ မန်နေးဂျင်းဒါရိုက်တာ John Kongoi က တရုတ်နိုင်ငံ နှင့် ပါပူဝါနယူးဂီနီနိုင်ငံတို့သည် ဒီဂျစ်တယ် အခြေခံအဆောက်အအုံများတွင် ညှိနှိုင်းဆောင်ရွက်မှုများပိုမို လုပ်ဆောင်ရန် မျှော်လင့်ကြောင်း၊ နိုင်ငံအတွင်း အွန်လိုင်းစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ရန် အသေးစားလုပ်ငန်းများအတွက် ကုန်ကျစရိတ် မြင့်မားနေကြောင်း ပြောကြားခဲ့သည်။

သို့သော် ဒီဂျစ်တယ် အခြေခံအဆောက်အအုံများ မြင့်တက်လာပါက ၎င်း၏စီးပွားရေးလုပ်ငန်း တွင် အကျိုးဖြစ်ထွန်းလာမည်ဟု ယုံကြည်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြည်သူများအနေဖြင့် အင်တာနက် ပိုမိုအသုံးပြုနိုင်လာပြီး ဝန်ဆောင်မှု နှင့် ပစ္စည်းကိရိယာများကို ဝယ်ယူမည့်သူများ များပြားလာနိုင်ကြောင်း ၎င်းကပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရာသီဥတုပြောင်းလဲမှု သည် ပစိဖိတ်ဒေသကျွန်းနိုင်ငံများအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုများအနက် တစ်ခုဖြစ်ပြီး ယင်းနိုင်ငံများအနေဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် ရာသီဥတုပြောင်းလဲမှုသည် ဦးစားပေးအချက်တစ်ချက်ဖြစ်သည်။

Xu က ကမ္ဘာ့အကြီးဆုံးသော ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် အစိမ်းရောင်နည်းပညာတွင် မှတ်ကျောက်တင်နိုင်သော အောင်မြင်မှုများရရှိခဲ့၍ ပစိဖိတ်ဒေသကျွန်းနိုင်ငံများသည် ရာသီဥတုပြောင်းလဲမှုများ ကိုဖြေရှင်းပြီး ၎င်းတို့၏ အစိမ်းရောင်စီးပွားရေးစနစ်ကို တည်ဆောက်နိုင်ရန် တရုတ်နိုင်ငံက ကူညီထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.