Connect with us

Australia / Oceania

တရုတ်နိုင်ငံ၏ ရေခဲခွင်းသင်္ဘော Xuelong က တောင်သမုဒ္ဒရာရှိ ပေါလောမျောနေသော ရေခဲပြင်သို့ ဝင်ရောက်


ABOARD XUELONG ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ သုတေသန ရေခဲခွင်းသင်္ဘော Xuelong သည် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ရှောင်ရှားရန် တောင်သမုဒ္ဒရာအတွင်းရှိ ပေါလောမျောနေသည့် ရေခဲပြင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရေခဲပြင်သည် တောင်လတ္တီကျု ၆၁.၅၅ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၁၀.၃၇ ဒီဂရီတွင် တည်ရှိသည်။

သင်္ဘောကိုယ်ထည်အောက်ခြေနှင့် ရေခဲတိုက်မိချိန် ထွက်ပေါ်လာသော ဆူညံသံများနှင့်အတူ ပေါလောမျောနေသည့် ရေခဲပြင်ကို Xuelong က ဖြတ်သန်းသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ သင်္ဘောသည် ရေလှိုင်းထမှု လျော့ပါးစေရန် ရေမိုင် ၁၅ မိုင် (တစ်နာရီလျှင် ၂၇.၇၈ ကီလိုမီတာ) မှ ရေမိုင် ၉ မိုင် (တစ်နာရီလျှင် ၁၆.၆၇ ကီလိုမီတာ) သို့ အရှိန်လျှော့ချသွားခဲ့သည်။

တရုတ်နိုင်ငံ၏ သုတေသန ရေခဲခွင်း Xuelong အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ သုတေသန ရေခဲခွင်း Xuelong အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ သုတေသန ရေခဲခွင်း Xuelong အား တွေ့ရစဉ် (ဆင်ဟွာ)

ယခုအခါ အဆိုပါ ရေခဲခွင်းသင်္ဘောသည် ဆိုင်ကလုန်းမုန်တိုင်းကို ရှောင်ရှားသည့်အနေဖြင့် ရေခဲပြင်အစွန်းတစ်လျှောက် ရွက်လွှင့်သွားနေခြင်းဖြစ်ကြောင်း သင်္ဘောမာလိန်မှူး Zhu Li က ပြောကြားခဲ့သည်။

Xuelong သင်္ဘောသည် ရေခဲပြင်မှ ထိုးထွက်လာခဲ့ပြီး ရာသီဥတုအခြေအနေအရ အန္တာတိကတိုက်ရှိ Zhongshan အခြေစိုက်စခန်းသို့ နိုဝင်ဘာလ ၃၀ ရက်၌ ရောက်ရှိရန် လျာထားသည်။

နှင်းနဂါးဟု အမည်ရသော ထိုရေခဲခွင်းသင်္ဘောသည် သုတေသနအဖွဲ့အား တင်ဆောင်လာကာ ရှန်ဟိုင်းမြို့မှ နိုဝင်ဘာလ ၂ ရက်က ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသည် ၃၅ ခုမြောက် အန္တာတိကစူးစမ်းလေ့လာရေးခရီးကို စတင်နေခြင်းဖြစ်ပြီး ရက်ပေါင်း ၁၆၂ ရက်ကြာမြင့်မည်ဖြစ်ကြောင်း ရေမိုင် ၃၇,၀၀၀ မိုင် (၆၈,၅၀၀ ကီလိုမီတာ) ကိုလေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.