Connect with us

Australia / Oceania

ဖီဂျီနိုင်ငံတွင် မိမိကိုယ်ကို သေကြောင်းကြံစည်မှုများကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်

ဖီဂျီနိုင်ငံတွင် မိမိကိုယ်ကို သေကြောင်းကြံစည်မှုများ မပြုလုပ်ကြရန် ဆန္ဒထုတ်ဖော်နေကြစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆူဗာ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ဖီဂျီနိုင်ငံတွင် မိမိကိုယ်ကို သေကြောင်းကြံစည်မှုများကြောင့် သေဆုံးသူအရေအတွက်သည် ယခင်နှစ်ကထက် မြင့်တက်လာပြီး အထူးသဖြင့် ကျောင်းသားများဖြစ်ကြကြောင်း ဖီဂျီနိုင်ငံ ရဲတပ်ဖွဲ့က အောက်တိုဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က သေကြောင်းကြံစည်မှုအရေအတွက်သည် ၂၀၁၇ခုနှစ် အောက်တိုဘာအထိ ၇၉ခုရှိခဲ့ပြီး ယခုနှစ် အလားတူကာလတွင်မူ ၈၃ခု အထိ မြင့်တက်လာကြောင်း ပြောကြားခဲ့သည်။ ဖီဂျီနိုင်ငံတွင် လူဦးရေ ၈၈၀,၀၀၀ဦး ခန့်ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဖီဂျီနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ ပြဿနာအခက်အခဲများကို မျှဝေသင့်ကြောင်း၊ လိုအပ်ပါက လူအများထံ ပြောကြားအကူအညီတောင်းခံတတ်ရန် သင်ယူသင့်ကြောင်း၊ ပြဿနာအခက်အခဲများနှင့် ပတ်သက်၍ ကူညီဖြေရှင်းပေးနိုင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့် ဘာသာရေးအဖွဲ့အစည်းများ လည်း ရှိကြောင်း ပြောကြားခဲ့သည်။

ဖီဂျီနိုင်ငံ အခြေစိုက် စိတ်ကျန်းမာရေးအဖွဲ့အစည်းတစ်ခုမှ Linoel Rogers က မိမိကိုယ်ကိုသေကြောင်းကြံစည်သည့် လူငယ်များ၏ အသက်အရွယ် သည် တစ်နှစ်ထက်တစ်နှစ် ပို၍ ငယ်လာကြောင်းပြောကြားခဲသည်။

ဖီဂျီနိုင်ငံတွင် လူငယ်လူဦးရေသည် မြင့်တက်လာပြီး ဒေသအတွင်းရှိ လူဦးရေ၏ ၅၄ရာခိုင်နှုန်းမှာ အသက် ၂၄နှစ်အောက်များဖြစ်ကြကာ အသက် ၁၅နှစ် မှ ၂၉ နှစ်အတွင်းရှိ လူငယ်များသည် မိမိကိုယ်ကို သေကြောင်းကြံစည်နိုင်ခြေ မြင့်မားနေသော အခြေအနေတွင် ရှိနေကြောင်း သိရသည်။

၎င်းက မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြစ်ပွားစေသည့် အကြောင်းအရင်းများမှာ အလုပ်လက်မဲ့ဖြစ်မှု၊ မိသားစုဆွေမျိုးပြဿနာများ၊ အနိုင်ကျင့်ခံရမှု နှင့် အကြမ်းဖက်ခံရမှုတို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.