Connect with us

Australia / Oceania

ဖီဂျီနိုင်ငံ မြို့တော်၌ ဆူနာမီသတိပေးကိရိယာသစ် ၉ ခုတပ်ဆင်မည်

ဆူနာမီ သတိပေးကိရိယာ တစ်ခုအားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆူဗာ ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

ဖီဂျီနိုင်ငံ၏ ဆူဗာကျွန်းဆွယ်(Suva) ဧရိယာတစ်လျှောက်၌ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ဆူနာမီအန္တရာယ်ကို ကြိုတင်ကာကွယ်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် ဆူနာမီသတိပေးကိရိယာသစ် ၉ ခုကို တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖီဂျီနိုင်ငံပြန်ကြားရေးဌာနမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်ခုအရ ဖီဂျီနိုင်ငံ၏ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးရုံး(NDMO) က နိုင်ငံမြို့တော် ဆူဗာမြို့တွင် အဆိုပါ ဆူနာမီသတိပေးကိရိယာသစ်ကို တပ်ဆင်ကာ စက်တင်ဘာ ၆ ရက်တွင် သုံးနာရီကြာ စမ်းသပ်မှုပြုလုပ်ခဲ့ကြောင်း ၊ ဆူနာမီဖြစ်ပွားချိန်တွင် ကယ်ဆယ်ရေးအထောက်အပံ့ဖြစ်စေရေး ပြည်သူတို့အား ဥသြသံဖြင့် အသိပေးနှိုးဆော်နိုင်ရန် ရည်ရွယ်ကြောင်း ဖော်ပြထားသည်။

ဆူနာမီသတိပေးကိရိယာကို တစ်လကြာ စမ်းသပ်မည်ဖြစ်ကာ ၎င်းက အသံကြည်လင်ပြတ်သားပြီး အရေးပေါ်ကယ်ဆယ်ရေးအတွက် ပြည်သူများအား တပ်လှန့်ရန် အလိုအလျှောက်သတိပေးသည့် စနစ်ပါဝင်မည်။

NDMO က အချက်ပေးကိရိယာ သက်ရောက်မှုရှိသော ဧရိယာတစ်လျှောက်ရှိ ပြည်သူများအား ဆူနာမီသတိပေးကိရိယာ စမ်းသပ်မှုပြုလုပ်နေချိန်တွင် တပ်လှန့်နေရန် မလိုကြောင်း အကြံပြုချက်များပေးထားသည်။

ဖီဂျီနိုင်ငံသည် မြေလွှာပြတ်ရွှေ့မှုကြောင့် မကြာခဏ ငလျင်လှုပ်လေ့ရှိသော ဒေသတစ်ခုဖြစ်ပြီး ငလျင် နှင့် မီးတောက်ပေါက်ကွဲမှု ဖြစ်ပွားတတ်သည့် မီးစက်ကွင်း “ Ring of Fire ” တွင် တည်ရှိနေသည်။ ထို့ပြင် တခါတရံငလျင်ကြောင့် အန္တရာယ်ရှိသော ဆူနာမီလှိုင်းများဖြစ်ပေါ်နိုင်သည့် ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.