Connect with us

Australia / Oceania

သြစတြေးလျတွင် ယာဉ်တိုက်မှုကြောင့် လူ ၃ဦးသေဆုံး၊ ၉ဦး ဒဏ်ရာရရှိ

သြစတြေးလျတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ အနောက်သြစတြေးလျပြည်နယ်ရှိ လမ်းတစ်ခုတွင် ထိတ်လန့်ဖွယ် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၁၀ရက်တွင် တတိယမြောက် လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ Lancelin မြို့မြောက်ဘက် ၃၀ကီလိုမီတာအကွာ ရှိ Indian Ocean Drive လမ်းမပေါ်တွင် ဒီဇင်ဘာ ၉ ရက် နေ့လည်ပိုင်းက ပစ္စည်းသယ်ယာဉ်တစ်စီး နှင့် ကမ္ဘာလှည့်ခရီးသည်များ လိုက်ပါလာသော မီနီဘတ်စ်တစ်စီး တိုက်မိခဲ့ကြောင်း သိရသည်။

ပစ္စည်းသယ်ယာဉ်ပေါ်မှ ယာဉ်မောင်း နှင့် မီနီဘတ်စ်ပေါ်မှ လူတစ်ဦးတို့ အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ကာ ဒဏ်ရာရသူတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အခြားလူ ၉ဦးမှာ ဆေးရုံ၌ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။

Australian Broadcasting Corporation သတင်းဌာနက အနည်းဆုံး အသက်ရှင်ကျန်ရစ်သူ ၃ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ဖော်ပြခဲ့သည်။

Indian Ocean Drive လမ်းမသည် ပြည်နယ်၏ အကွေ့အကောက်အများဆုံး လမ်းမများထဲမှ တစ်ခုဖြစ်ပြီး ၂၀၁၇ခုနှစ်တွင် ယင်းလမ်းမပေါ်၌ လူ ၆ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.