Australia / Oceania
ဆော်လ်မွန်ကျွန်းတွင် ၆.၅ ပြင်းအားရှိသော ငလျင်လှုပ်ခတ်

ဆစ်ဒနီ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တောင်ပစိဖိတ်ရှိ ဆော်လမွန်ကျွန်းများတွင် နိုဝင်ဘာလ ၁၆ ရက်က ပြင်းအား ၆.၅ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေး အဆိုအရ သိရသည်။
အဆိုပါ ငလျင်သည် ဂရင်းနစ်စံတော်ချိန် နံနက် ၀၃း၂၆ နာရီက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တောင်လတ္တီကျု ၁၀.၄ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၆၃.၄ ဒီဂရီအကြား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)