Connect with us

Australia / Oceania

သြစတြေးလျတွင် စတော်ဘယ်ရီသီးထဲ အပ်ထည့်သူအား ထောင်ဒဏ် ၁၀နှစ်အထိချမှတ်

အပ်ပါနေသည့် သြစတြေးလျမှ စတော်ဘယ်ရီသီးတစ်လုံးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်တွင် စတော်ဘယ်ရီသီးများထဲ အပ်ထည့်မှု ဖြင့် အသက် ၅၀နှစ်အရွယ် အမျိုးသမီးတစ်ဦးအား တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၁၀နှစ်အထိ ချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

စတော်ဘယ်ရီခြင်းများ၌ အပ်များထိုးသွင်းထားသော ဖြစ်ရပ်သည် အဓိကကျသော ပြည်သူ့လုံခြုံရေးဆိုင်ရာ သတိပေးချက်တစ်ခုဖြစ်လာကာ နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ၂လအကြာ နိုဝင်ဘာ ၁၁ရက်တွင် အဆိုပါ တရားခံအား ဖမ်းဆီးနိုင်ခဲ့ကြောင်း ကွင်းစလန်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

အကြီးတန်းစုံထောက် Jon Wacker က ယင်းဖြစ်စဉ်သည် မကြုံစဖူး ရှုပ်ထွေးမှုများပါဝင်နေသည့် ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ကွင်းစလန်းရဲတပ်ဖွဲ့သည် ယင်းအမှုနှင့် ပတ်သက်သူများကို တရားခွင်သို့ ပို့ဆောင်နိုင်ရန် သိသာထင်ရှားသည့် သက်သေရင်းမြစ်များကို ရှာဖွေခဲ့ရကြောင်း ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၂ရက်တွင် တရားရုံးသို့ ရောက်ရှိနေသည့် တရားခံသည် ကုန်ပစ္စည်းများအား ညစ်ညမ်းစေခြင်းဆိုင်ရာ ပုဒ်မ ၇ခု ဖြင့် တရားစွဲခံရပြီး အမြင့်ဆုံးထောင်ဒဏ် ၃နှစ်ဖြစ်သော်လည်း ၎င်းအနေဖြင့် အခြေအနေတစ်ခုအရ ထောင်ဒဏ် ၁၀နှစ်အထိ ချမှတ်ခံရကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် ကွင်းစလန်းပြည်နယ်မှ တစ်နိုင်ငံလုံးသို့ အပ်ပါသည့် စတော်ဘယ်ရီသီးများ ပြန့်နှံ့စေခဲ့သော စတော်ဘယ်ရီစက်ရုံတစ်ခု တွင် စိုက်ခင်းကြီးကြပ်သူအဖြစ် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံး၌ စတော်ဘယ်ရီသီးများအတွင်း စက်ချုပ်အပ်များ ပါဝင်နေကြောင်း အကြောင်းကြားလာမှု ၁၈၀ခုရှိခဲ့ပြီး အနည်းဆုံး ၁၅ခုမှာ ကောလာဟလ များဖြစ်ကြောင်း Wacker ကပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်များကြောင့် စတော်ဘယ်ရီသီးအမှတ်တံဆိပ် ၇၀ နီးပါး ထိခိုက်နစ်နာခဲ့ပြီး စတော်ဘယ်ရီအထွက်ဆုံးရာသီ၌ စူပါမက်ကတ်များသည် သစ်သီးစင်များမှ စတော်ဘယ်ရီများကို သိမ်းဆည်းကာ လွှတ်ပစ်ခဲ့ရကြောင်း သိရသည်။ (Xinhua)