Australia / Oceania
တီထွင် ဆန်းသစ်မှု ပူးပေါင်းဆောင်ရွက်ရေး တရုတ်နှင့် နယူးဇီလန် နီးကပ်စွာ လုပ်ဆောင်သွားမည်

အော့ကလန်၊ နယူးဇီလန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)
နယူးဇီလန်နိုင်ငံ အော့ကလန်မြို့ရှိ တရုတ်နိုင်ငံပိုင် သုတေသနနှင့် ဖွံ့ဖြိုးမှု (R&D) စင်တာသို့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သွားရောက် လေ့လာခဲ့ပြီး နှစ်နိုင်ငံ တီထွင် ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား နီးကပ်စွာ လုပ်ဆောင်သွားရန် တိုက်တွန်းလိုက်ကြောင်း သိရသည်။
R&D စင်တာကို ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံပိုင် Haier နှင့် နယူးဇီလန်နိုင်ငံ အခြေစိုက် Fisher & Paykel တို့က တည်ထောင်ခဲ့ပြီး နောက်ဆုံးပေါ် နည်းပညာ တိုးတက်ရေးအတွက် အဓိက ရည်ရွယ်ထားခြင်း ဖြစ်သည်။
တီထွင် ဆန်းသစ်ခြင်းသည် ဖွံ့ြဖိုးမှု၏ အဓိက တွန်းအားဖြစ်သည်ဟု တရုတ်က သတ်မှတ်ထားကြောင်း၊ ကမ္ဘာ့ ထိပ်တန်း ဦးဆောင် ထုတ်ကုန်များ တိုးတက်ရန်အတွက် လိုက်ဖက်ညီသော အကျိုးကျေးဇူးများအား အသုံးပြုသင့်ကြောင်း လီက တိုက်တွန်းပြောကြားခဲ့သည်။
နှစ်နိုင်ငံ ပူးပေါင်းပြီး တတိယ ဈေးကွက်များ ချဲ့ထွင်သင့်ကြောင်း၊ ဈေးကွက် တစ်ခုစီတိုင်းအတွက်လည်း ဘုံအကျိုးကျေးဇူးရှိစေမည် ဖြစ်ကြောင်း သိရသည်။
တရုတ် ဝန်ကြီးချုပ် လီသည် နယူးဇီလန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အက်ခ်လန်သို့ မတ်လ ၂၇ ရက် နေ့လည်က ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ (Xinhua)