Connect with us

Australia / Oceania

သြစတြေးလျ ပင့်ကူအကိုက်ခံရ၍ ဖိလစ်ပိုင်အမျိုးသားတစ်ဦး ခြေထောက်နှစ်ဖက်လုံး ဖြတ်ပစ်လိုက်ရ

White-tailed Spider ခေါ် သြစတြေးလျ ပင့်ကူတစ်မျိုး အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံမှ သြစတြေးလျနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော အမျိုးသားတစ်ဦးသည် White-tailed Spider ခေါ် သြစတြေးလျ ပင့်ကူတစ်မျိုး၏ အကိုက်ခံရပြီးနောက် ၎င်း၏ ခြေထောက်များကို ဖြတ်ပစ်လိုက်ရကာ လက်များလည်း ဖြတ်ရနိုင်ခြေရှိကြောင်း သိရသည်။

ကလေးနှစ်ယောက် ဖခင်ဖြစ်သူ Terry Pareja သည် မိသားစု နှင့် အတူ မဲလ်ဘုန်းမြို့ အနောက်မြောက်ဘက် ၃၀၀ကီလိုမီတာ အကွာ Birchip မြို့ သို့ အလည်အပတ်ရောက်ရှိလာစဉ် ညာဖက်ခြေထောက်၌ ပင့်ကူအကိုက်ခံရခြင်းဖြစ်သည်။

Pareja သည် ပင့်ကူအကိုက်ခံရပြီး ၂၄နာရီအကြာတွင် ကောင်းစွာ လမ်းမလျှောက်နိုင်ဘဲ ၎င်း၏ခြေထောက်တစ်ဖက် ဖူးရောင်လာမှသာလျှင် ပင့်ကူအကိုက်ခံရသည်ကို သတိပြုမိခဲ့ကြောင်း သိရသည်။

Pareja အား ဆရာဝန်နှင့် ပြသပြီးနောက် ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ရကာ ၎င်း၏ ခြေထောက်တစ်ဖက်အား ချက်ချင်းဖြတ်ပစ်ခဲ့သော်လည်း အသားစား ဘက်တီးရီးယားပိုးများ ပြန့်နှံ့နေပြီဖြစ်၍ ၎င်းအား မဲလ်ဘုန်းဆေးရုံသို့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီး ၎င်း၏ ဘယ်ဖက် ခြေထောက်အား ထပ်မံဖြတ်ပစ်ခဲ့ရကြောင်း သိရသည်။

Pareja၏ အမဖြစ်သူ Raquel Ogleby က လွန်ခဲ့သော အပတ်က ဆရာဝန်များနှင့် တွေ့ဆုံခဲ့ပြီး Pareja ပြန်လည်ကောင်းမွန်လာရန်အတွက် အချိန်ယူရမည်ဖြစ်ကြောင်း နှင့် ဆေးကုသမှုဖြစ်စဉ်တစ်ခုလုံး ပြီးဆုံးရန် အချိန်ကြာမြင့်မည်ဖြစ်ကြောင်း Fairfax မီဒီယာသို့ ဧပြီ၅ရက်တွင် ပြောကြားခဲ့သည်။

၎င်းက Pareja ဆေးရုံ၌ရှိနေသည်မှာ ၃၄ရက်ရှိပြီဖြစ်ပြီး တဖြည်းဖြည်း ကောင်းမွန်လာကြောင်း နှင့် ၎င်းအနေဖြင့် လှုပ်ရှားသွားလာရန် နေရာကျယ်ကျယ်လိုအပ်သည့်အတွက် နေအိမ်သို့ ပြောင်းရွှေ့ရန် စောင့်မျှော်နေကြောင်း ပြောကြားခဲ့သည်။

Pareja၏ သမီးဖြစ်သူ Jeffmarey Pareja က ၎င်းဖခင်အတွက် ဆေးဖိုးဝါးခရရှိရန် လူမှုကွန်ရက် စာမျက်နှာတစ်ခု ဖွင့်လှစ်၍ ရန်ပုံငွေတောင်းခံထားကြောင်း သိရသည်။

Jeffmarey Parejaက ဖခင်ဖြစ်သူ Pareja သည် နှစ်ပေါင်းများစွာ မတွေ့ဖြစ်ကြသည့် ၎င်း၏ မောင်နှမများနှင့် တွေ့ရန်အတွက် သြစတြေးလျနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း အင်တာနက်စာမျက်နှာ၌ရေးသားခဲ့သည်။

Parejaအား အရေးပေါ်ကုသဆောင်၌ ကုသမှုပေးထားပြီး ကျောက်ကပ်နှစ်ခုစလုံး အလုပ်မလုပ်တော့သဖြင့် ကျောက်ကပ်အထောက်အပံ့ဆေးဝါးများဖြင့် ကုသပေးထားကြောင်း သိရသည်။

၎င်း၏ ခန္ဓာကိုယ်အတွင်း၌ အသားစား ဘက်တီးရီးယားပိုးများရှိနေဆဲဖြစ်သည်ကို ဆရာဝန်များကတွေ့ရှိခဲ့ပြီး ယင်းဘက်တီးရီးယားများကြောင့် လက်နှစ်ဖက်စလုံးကိုပင် ဖြတ်ပစ်ရနိုင်ခြေရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.