Australia / Oceania
အန္တာတိကတိုက် Bouvet ကျွန်း အနီးတွင် ရစ်(ခ်)တာစကေး (၆.၇)အဆင့် ရှိသော ငလျင် လှုပ်ခတ်

ဝါရှင်တန် ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံ ငလျင်တိုင်းတာရေးဌာန ထုတ်ပြန်ခဲ့သည့် အချက်အလက် အရ အောက်တိုဘာ ၁၀ ရက်နေ့၌ အန္တာတိကတိုက် Bouvet ကျွန်း အနီးတွင် ရစ်(ခ်)တာစကေး (၆.၇)အဆင့် ရှိသော ငလျင် လှုပ်ခတ် ခဲ့ကြောင်း သိရှိခဲ့ရသည်။
ထုတ်ပြန်ချက်တွင် ငလျင်သည် အောက်တိုဘာ ၁၀ ရက်နေ့ ဒေသစံတော်ချိန် ၁၈ နာရီ ၅၃ မိနစ် တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ငလျင်ဖြစ်ပွားခဲ့သည့် တည်နေရာမှာ တောင်လတ္တီတွဒ် ၅၄.၂၈၅ ဒီဂရီ နှင့် အရှေ့ လတ္တီတွဒ် ၈.၆၃၆၈ ဒီဂရီ တွင် ဖြစ်၍ မြေအောက် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍လှုပ်ခတ် ခဲ့ကြောင်း သိရှိခဲ့ရသည်။
အန္တာတိကတိုက် Bouvet ကျွန်း အနီးတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အနီးပတ်ဝန်းကျင် ဒေသများ သို့ ဆိုနာမီ သတိပေး ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)