Connect with us

Eastern Europe

အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရုရှားအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးအေဂျင်စီပြော

လုံခြုံရေးဆောင်ရွက်နေသော ရုရှားနိုင်ငံရဲတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ အနောက်တောင်ပိုင်း Dagestan ဒေသတွင် ပြုလုပ်သော အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးစစ်ဆင်ရေးတစ်ခုအတွင်း အကြမ်းဖက်အဖွဲ့တစ်ခုမှ ခေါင်းဆောင်ဖြစ်သူကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ အမျိုးသားအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးကော်မတီ(NAC) က စက်တင်ဘာ ၂ ရက်တွင်ပြောကြားခဲ့သည်။

ပြည်ထောင်စုအစိုးရက အလိုရှိနေသော အကြမ်းဖက်ခေါင်းဆောင် Abas Khubayey ကို Toturbiykala ကျေးရွာ အနီးရှိ တောအုပ်တစ်ခုတွင် ပြုလုပ်သည့် စစ်ဆင်ရေး တစ်ခုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း NAC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အဆိုပါ အကြမ်းဖက်ခေါင်းဆောင်သည် လက်မြှောက်ရန် နှင့် လက်နက်ချရန် ငြင်းဆိုခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြန်လည် ပစ်ခတ်ခဲ့သဖြင့် ၎င်းအား အခင်းဖြစ်နေရာ၌ အသေပစ်သတ်ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားသည်။Khubayey သည် တိုက်ခိုက်မှုမျိုးစုံ နှင့် အရပ်သားများ နှင့် ရဲအရာရှိများအား သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သူတစ်ဦးဖြစ်ကြောင်း NAC က ဆိုသည်။လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာ၌ ရိုင်ဖယ်သေနတ်တစ်လက် ၊ ပစ္စတိုသေနတ်တစ်လက် နှင့် ကျည်ဆံများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)