Connect with us

Europe

ကာဇက်စတန်နိုင်ငံ၌ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွား ၊ ယာဉ်ပေါ်ပါ ၁၃ ဦးစလုံးသေဆုံး

ကာဇက်စတန်နိုင်ငံမှ Mi-8 စစ်ဘက်သုံးရဟတ်ယာဉ်တစ်စင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

နာ-ဆူလ်တန် ၊ မတ် ၂၈ ရက်(ဆင်ဟွာ)

ကာဇက်စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ Mi-8 စစ်ဘက်သုံးရဟတ်ယာဉ်တစ်စင်းသည် နိုင်ငံ၏ Kyzylorda ဒေသတွင် မတ် ၂၇ ရက်က ပျက်ကျသွားခဲ့ရာ ၎င်းရဟတ်ယာဉ်ပေါ်လိုက်ပါလာသည့် လူ ၁၃ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ကာဇက်သမ္မတ Kassym-Jomart Tokayev က ဆိုသည်။

၎င်းရဟတ်ယာဉ်သည် စစ်ဘက်ဆိုင်ရာ လေ့ကျင့်မှုတစ်စိတ်တစ်ပိုင်းအဖြစ် Aktau မှ Shymkent သို့ပျံသန်းမှုတစ်ခု ပြုလုပ်စဉ် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း Tokayev က တွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။“ အချင်းဖြစ်ကိစ္စကို စုံစမ်းစစ်ဆေးမှုတစ်ခုစတင်လုပ်ဖို့အမိန့်ပေးထားပါတယ်။ အသက်သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေအတွက် စာနာထောက်ထားမိပါတယ်။ သူတို့အတွက် လိုအပ်တဲ့ထောက်ပံ့ကူညီမှုတွေကို ဆောင်ရွက်ပေးသွားမှာပါ” ဟု ၎င်းကဆိုသည်။(Xinhua)