Connect with us

Europe

ခရိုအေးရှားနိုင်ငံ မြို့တော်တွင် အင်အား ၅.၃ ပမာဏရှိသော ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးမှုများပြား

ဇာဂရက်ဘ်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ခရိုအေးရှားနိုင်ငံ မြို့တော် ဇာဂရက်ဘ်တွင် မတ် ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၀၆:၂၄ နာရီက အင်အား ၅.၃ ပမာဏရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဥရောပ မြေထဲပင်လယ်ဒေသဆိုင်ရာ ငလျင်စင်တာအရ သိရသည်။

ထို့ပြင် ဒေသစံတော်ချိန် နံနက် ၇:၀၀ နာရီခန့်တွင် အင်အား ၅.၁ ရှိသော နောက်ဆက်တွဲ အင်အားပြင်း ငလျင်တစ်ခုလည်း လှုပ်ခတ်ခဲ့သည်။ ငလျင်ကြောင့် မြို့တော်အတွင်း ပျက်စီးဆုံးရှုံးမှုများကို လူမှုမီဒီယာများမှတစ်ဆင့် တွေ့မြင်ခဲ့ရသည်။  (Xinhua)