Connect with us

Europe

ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် တရုတ်နိုင်ငံနှင့် အီတလီနိုင်ငံ သဘောတူ

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် အီတလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Angelino Alfano တို့အား မေလ ၂၁ ရက်က အာဂျင်တီးနားနိုင်ငံ ဗျူရိုအဲရစ်မြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ဗျူရိုအဲရစ်၊ မေ ၂၂ ရက် (ဆင်ဟွာ)

၂၁ ရာစုအတွင်း ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်ရေးတွင် တရုတ်နိုင်ငံနှင့် အီတလီနိုင်ငံများအကြား ပူးတွဲ အားထုတ်လုပ်ဆောင်မှုများသည် နှစ်နိုင်ငံ ဆက်ဆံရေးများ ဖွံ့ဖြိုးတိုးတက်မှုနှင့် မျှော်လင့်ချက်သစ်များအတွက် တွန်းအားသစ်ဖြစ်စေကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ဝမ်က ဗျူရိုအဲရစ်မြို့တွင် Group of 20 (G20) နိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးနှင့် တွဲဖက်ပြုလုပ်သည့် အစည်းအဝေး၌ အီတလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Angelino Alfano နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံနှင့် အီတလီနိုင်ငံသည် ရှေးဟောင်းယဉ်ကျေးမှုများရှိကြောင်း၊ သမိုင်းကြောင်းတွင်လည်း ရှေးဟောင်း “ပိုးလမ်းမကြီး” တစ်လျှောက် တစ်နိုင်ငံနှင့်တစ်နိုင်ငံ နီးကပ်စွာ ဆက်သွယ်မှုရှိခဲ့ကြောင်း ဝမ်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီးမူဘောင်အောက်တွင် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ လုပ်ဆောင်ရန် အခွင့်အလမ်းကို ဖမ်းဆုပ်နိုင်ရန်နှင့် တတိယပါတီဈေးကွက် ပူးပေါင်းဆောင်ရွက်မှု ပူးတွဲလုပ်ဆောင်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အလားအလာနှင့် နေရာအသစ်များ ရှာဖွေရေးအတွက် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အီတလီနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် သမိုင်းကြောင်းနှင့် ပထဝီဝင်အနေအထားအရ အကျိုးကျေးဇူးများရှိကြောင်း၊ အီတလီနိုင်ငံသည် လွန်ခဲ့သည့်ကာလက ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု ခိုင်မာသည့်အပေါ် မူတည်ကာ နှစ်နိုင်ငံနှင့် ဥရောပသမဂ္ဂ အဆင့်များ၌ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း အီတလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Angelino Alfano က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.