Connect with us

Europe

ဂျာမနီတွင် မုန်တိုင်းကြောင့် ခြင်္သေ့၊ ကျား နှင့် ကျားသစ်များ တိရစ္ဆာန်ရုံမှ လွတ်ထွက်သွားခဲ့

ဂျာမနီတွင် မုန်တိုင်းတိုက်ခတ်ပြီးနောက် ရေလွှမ်းမိုးနေသည့် Lunebach မြို့ရှိ တိရစ္ဆာန်ရုံတစ်ခု အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘာလင်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ မုန်တိုင်းတိုက်ခတ်ပြီးနောက် Rheinland-Pfalz ပြည်နယ် Lunebach မြို့ရှိ တိရစ္ဆာန်ရုံတစ်ခု ၏ တိရစ္ဆာန်လှောင်အိမ်များ ပျက်စီးသွား၍ ခြင်္သေ့၊ ကျား နှင့် ကျားသစ်များ အပါအဝင် အခြားအန္တရာယ်ရှိ တိရစ္ဆာန်များစွာ တိရစ္ဆာန်ရုံမှ လွတ်သွားကြောင်း SWR.de သတင်းက ဇွန် ၁ ရက်တွင်ဖော်ပြခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Bitburg-Prum က မေ ၃၁ရက်ညပိုင်းတွင် တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် Lunebach မြို့ရှိ တိရစ္ဆာန်ရုံတစ်ခု ၏ လှောင်အိမ်များရေနစ်မြုပ်ကာ ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။

ရလဒ်အနေဖြင့် ဝက်ဝံတစ်ကောင်၊ ခြင်္သေ့ ၂ကောင်၊ ကျား ၂ကောင် နှင့် ကျားသစ် တစ်ကောင် လွတ်သွားပြီး ဝက်ဝံအား အချိန်မှီ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဧရိယာသို့ ရဲတပ်ဖွဲ့ဝင်များ နှင့် မီးသတ်ဝန်ထမ်းများရောက်ရှိနေကြောင်းသိရသည်။ ဒေသခံပြည်သူများအား နေအိမ်အတွင်း၌သာနေကြရန် နှင့် ပြတင်းပေါက်များအား ပိတ်ထားကြရန် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.