Connect with us

Europe

ဂျာမနီနိုင်ငံ တွင် ဓားထိုးမှုကြောင့် လူ ၁ဦး သေဆုံး၊ ၂ဦး ဒဏ်ရာရရှိ

ဂျာမနီနိုင်ငံ မှ ရဲတပ်ဖွဲ့ဝင် တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘာလင်၊ မေ ၃၁ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံမြောက်ပိုင်း Flensburg မြို့ ရှိ ရထားဘူတာရုံတစ်ခုတွင် ဓါးထိုးမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး အခြားလူ ၂ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း သတင်းဌာန တစ်ခုက မေ ၃၀ ရက်တွင် ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့ဝင် ၂ဦး က ဓားထိုးမှုအား တားဆီးရန် ကြိုးစားခဲ့ပြီး တရားခံသည် ရဲတပ်ဖွဲ့ဝင် ၂ဦးအနက် တစ်ဦးအား ဓားဖြင့် တိုက်ခိုက်ခဲ့၍ အခြားရဲတပ်ဖွဲ့ဝင်တစ်ဦး က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်း၌ပါရှိသည်။

အဆိုပါ ဘူတာရုံအား ပိတ်ထားပြီး အခင်းဖြစ်ပွားရာ၌ ရဲတပ်ဖွဲ့ဝင်များ နှင့် ကယ်ဆယ်ရေးဝန်ထမ်းများ ရောက်ရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.