Connect with us

Europe

ဆက်ဆံရေး ခိုင်မာစွာ တည်ဆောက်ရန် တရုတ်နှင့် လစ်သူရေးနီးယား သဘောတူ

ဧပြီလ ၁၄ ရက်က လစ်သူရေးနီးယား မြို့တော် ဗီလ်နီးယပ်၌ တရုတ်နိုင်ငံ အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ ကျန်းတယ်ကျန်းနှင့် လစ်သူရေးနီးယားနိုင်ငံ သမ္မတ Dalia Grybauskaite တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဗီနီးယက်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အဆင့်မြင့် ဥပဒေပြုလွှတ်တော် အမတ် ကျန်းတယ်ကျန်း (Zhang Dejiang) သည် လစ်သူရေးနီးယား (Lithuania) နိုင်ငံသို့ သွားရောက်ခဲ့ပြီး တရုတ်နှင့် လစ်သူရေးနီးယားနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု လွယ်ကူစေရေးနှင့် ဆက်ဆံရေး ခိုင်မာစေရေးအတွက် သဘောတူခဲ့ကြသလို ၎င်း၏ ဘော်လ်တစ်နိုင်ငံ ခရီးစဉ်အား ဧပြီလ ၁၆ ရက်က အဆုံးသတ်လိုက်သည်။

တရုတ်နိုင်ငံ အမျိုးသား ပြည်သူ့ ကွန်ဂရက်၏ အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ကျန်းသည် လစ်သူရေးနီးယားနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဧပြီလ ၁၄ ရက်မှ ၁၆ ရက်အထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

တရုတ်- လစ်သူရေးနီးယား ဆက်ဆံရေးမှာ ရင့်ကျက်ပြီး တည်ငြိမ်သည့် ဇာတ်ခုံ တစ်ခုပေါ်သို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်ကြောင်း ကျန်းက လစ်သူရေးနီးယားနိုင်ငံ သမ္မတ Dalia Grybauskaite နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကြီးသည် ငယ်သည် ဖြစ်စေ၊ အားကြီးသည် အားနည်းသည် ဖြစ်စေ၊ ချမ်းသာသည် ဆင်းရဲသည် ဖြစ်စေ နိုင်ငံများအားလုံး အမြဲတစေ ထောက်ခံ အားပေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း အဖွဲ့ဝင် နိုင်ငံများအား သာတူညီမျှထားရှိပါကြောင်း ကျန်းက ပြောသည်။

လစ်သူရေးနီးယားနိုင်ငံ သမ္မတ Dalia Grybauskaite ကလည်း ၎င်းအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအား များစွာ တန်ဖိုးထားပါကြောင်း၊ တရုတ် တစ်နိုင်ငံတည်း မူဝါဒအပေါ် ခိုင်မာစွာ ထောက်ခံပါကြောင်းနှင့် တရုတ်နိုင်ငံ၏ ဗဟို အကျိုးစီးပွားအား လေးစား လိုက်နာပါကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းအနေဖြင့် တရုတ်နှင့် ခိုင်မာသော အဆင့်မြင့် ဖလှယ်မှုများနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထောက်ပံ့သယ်ပို့ လုပ်ငန်းများနှင့် အခြေခံ အဆောက်အအုံများ စသည့် ကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရာတွင် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းအောက်တွင် ထူးခြား ပြောင်မြောက်သော လုပ်ဆောင်မှုများနှင့် တရုတ်နှင့် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း နိုင်ငံ ၁၆ နိုင်ငံ ပါဝင်သော CEE နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများက သက်သေပင် ဖြစ်သည်။

တရုတ်နိုင်ငံ အဆင့်မြင့် ဥပဒေပြုလွှတ်တော် အမတ် ကျန်းတယ်ကျန်းသည် လေးနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဧပြီလ ၁၂ ရက်မှ ၂၁ ရက်အထိ သွားရောက်နေခြင်း ဖြစ်ပြီး ဧပြီလ ၁၂ ရက်မှ ၁၄ ရက်အထိ လတ်ဗီးယားနိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့သည်။

လတ်ဗီးယားနိုင်ငံ၌ ကျန်းသည် သမ္မတ Raimonds Vejonis နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် အပြန်အလှန် ယဉ်ကျေးမှု ဖလှယ်ခြင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း၊ နှစ်နိုင်ငံ ဥပဒေပြု အဖွဲ့အစည်းများအကြား အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့နောက် ကျန်းသည် ဘယ်လာရုစ်နိုင်ငံနှင့် ရုရှားနိုင်ငံသို့ ဆက်လက် ခရီးဆက်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.