Connect with us

Europe

ဆားဘီးယားတွင် လေယာဉ်ပျက်ကျမှုကြောင့် လူ ၂ဦးသေဆုံး

Zenair CH 601 အပေါ့စားလေယာဉ် ပုံစံတူ တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘယ်လ်ဂရိတ်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ဆားဘီးယားနိုင်ငံ မြို့တော် အစွန်အဖျားရှိ လေဆိပ်ငယ်တစ်ခုအနီးအနားတွင် မေ ၁၆ ရက် ညနေပိုင်းက အပေါ့စား လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း RTS ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။

သတင်းဖော်ပြချက်အရ လေယာဉ်သည် ဘယ်လ်ဂရိတ်မြို့တော်၏ မြောက်ဘက်အစွန်းအဖျား ရှိ Zemun Poije မြို့တွင် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zenair CH 601 အပေါ့စားလေယာဉ်သည် ဘယ်လ်ဂရိတ်-နိုဗီ ဆက် ရထားလမ်း မှ ၇၀မီတာခန့်အကွာ ၎င်း နှင့် မျဉ်းပြိုင်ဖြစ်နေသော လေယာဉ်ပြေးလမ်း မှ ၅၀မီတာခန့်အကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းသတင်း၌ ဖော်ပြချက်အရ သေဆုံးသွားသူ ၂ဦးသည် ရှုခင်းကြည့်ရန်အတွက် လေယာဉ်အား ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူများ၏ ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း RTS သတင်းက သေဆုံးသွားသူတစ်ဦးသည် လေယာဉ်မောင်းသင်တန်းမှူးတစ်ဦးဖြစ်ကြောင်း နှင့် နောက်တစ်ဦးမှာ ၎င်း၏ အမျိုးသမီးအဖော်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အာဏာပိုင်များအနေဖြင့် လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို သိရှိခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးမှုများ ပြုုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.