Connect with us

Europe

ဆိုက်ပရပ်စ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့က ဆီးရီးယား ဒုက္ခသည် ၁၂ ဦး ကယ်ဆယ်ရမိ

လက်ဘနွန်နိုင်ငံရောက် ဆီးရီးယား ဒုက္ခသည်များအား တွေ့မြင်ရစဉ်(ဆင်ဟွာ)

နီကိုးဆီးရား၊စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ဆိုက်ပရပ်စ်နိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့သည် စက်တင်ဘာ ၁၉ ရက်က ဆီးရီးယားဒုက္ခသည် ၁၂ ဦးကို ကယ်ဆယ်ရမိကြောင်း သိရသည်။

ဆိုက်ပရပ်စ်နိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့သည် ယင်းနေ့က အရှေ့ပိုင်းပင်လယ်ရပ်ဝန်းရှိ ပင်လယ်ကမ်းခြေ နှင့် ၁၀၀ ကီလိုမီတာအကွာတွင် လှေငယ်တစ်စီး မျောနေသည်ကိုတွေ့ရှိ ခဲ့ ပြီးနောက် ကမ်းခြေစောင့်တပ်ဖွဲ့မှ ရဟတ်ယာဉ်တစ်စီးနှင့်ကမ်းခြေစောင့် သဘောႍတစ်စီး တို့စေလွှတ်ခဲ့ရာ ဆီးရီးယား ဒုက္ခသည် ၁၂ ဦးကို တွေ့ရှိခဲ့ကြောင်း၊၎င်းတို့ကို ဆိုက်ပရပ်စ် နိုင်ငံ နီကိုးဆီးရားမြို့အနီးရှိ ဒုက္ခသည်စခန်းသို့ ကယ်ဆယ် ပို့ဆောင်နိုင်ခဲ့ ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့၏ထုတ်ပြန် ပြောကြားချက်အရသိရသည်။

ဆိုက်ပရပ်စ်နိုင်ငံ တွင် လွန်ခဲ့သောနှစ်များအတွင်း တရားမဝင် ဒုက္ခသည် များ ကျူးကျော်ဝင်ရောက် မှုစုစုပေါင်း ၃၀၀၀၀ ထက်ကျော် လွန်နေပြီဖြစ်ကြောင်း၊ ဤသို့ တရားမဝင် ဒုက္ခသည်များ ဝင်ရောက်မှုကို မထိန်းချုပ်နိုင်သော အခြေအနေမျိုး ရောက်ရှိခဲ့ကြောင်း ဆိုက်ပရပ်စ် ပြည်ထဲရေး ဝန်ကြီးတစ်ဦး ၏ ယခုနှစ် မတ်လပိုင်းက ထုတ်ပြန်ပြောကြား ချက်အရသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.