Connect with us

Europe

ဆီးရီးယားအရေး နှင့် ပတ်သက်၍ ဆော်ဒီ၊ အီဂျစ်၊ အစ္စရေးခေါင်းဆောင်များ နှင့် ပူတင် ဖုန်းဖြင့်ဆွေးနွေး

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်အားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်သည် ဆီးရီးယားနိုင်ငံ၏ နောက်ဆုံး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ နှင့် ပတ်သက်၍ ဆော်ဒီ၊ အီဂျစ်၊ အစ္စရေးခေါင်းဆောင်များ နှင့် အသီးသီးဆွေးနွေးခဲ့ကြောင်း ကရင်မလင်နန်းတော် သတင်းထုတ်ပြန်ရေး က နိုဝင်ဘာ ၂၁ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပူတင်က ဆီးရီးယားပဋိပက္ခနှင့် ပတ်သက်၍ ဆော်ဒီဘုရင် ဆယ်လ်မန်ဘင်အဗ္ဗဒူလာဇဇ်အယ်လ်ဆော့ဒ် နှင့် နိုဝင်ဘာ ၂၁ရက် က ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသ၏ အခြေအနေများ နှင့် ဆီးရီးယားပဋိပက္ခ အား ရေရှည်ညှိနှိုင်းဖြေရှင်းရန်အတွက် အလားအလာများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

အီဂျစ်နိုင်ငံသမ္မတ အဗ္ဗဒယ်လ်ဖာတာအယ်လ်စီစီ နှင့် ဖုန်းဖြင့်ဆွေးနွေးစဉ် ပူတင်က ဆီးရီးယားတွင် ဆောင်ရွက်ခဲ့သည်များ၏ အခြေအနေတိုးတက်လာမှုအား အသေးစိတ်ပြောကြားခဲ့ပြီး ဆီးရီးယားအကြပ်အတည်း အား နိုင်ငံရေးအရဖြေရှင်းဆောင်ရွက်မှုအတွင်း နောက်ထပ်အားထုတ်ကြိုးပမ်းမှုနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့သည်။ ထို့ပြင် ခေါင်းဆောင်နှစ်ဦးသည် နျူကလီးယားစွမ်းအင်ကဲ့သို့သော ကဏ္ဍများအတွင်း အဓိကကျသည့် ပူးတွဲစီမံကိန်းများနှင့် ပတ်သက်၍လည်း ပြောဆိုခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

ကရင်မလင်နန်းတော် သတင်းထုတ်ပြန်ရေး၏ နောက်ထပ် ထုတ်ပြန်ချက်တစ်ခု၌ ပူတင် နှင့် အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ရာဟု နှစ်ဦးစလုံးသည် လုံခြုံရေးကဏ္ဍများအကြား ဆက်သွယ်ဆောင်ရွက်မှုအပါအဝင် အမျိုးမျိုးသော နယ်ပယ်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်သွားရန် စိတ်ပါဝင်စားကြောင်း နိုဝင်ဘာ၂၁ ရက်က ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.