Connect with us

Europe

တရုတ်နိုင်ငံနှင့် အီတလီနိုင်ငံ ဆက်ဆံရေးတိုးတက်မှု မြှင့်တင်ရန် နှစ်နိုင်ငံ သမ္မတများ သဘောတူခဲ့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ရှေ့တန်း ဝဲ)နှင့် အီတလီနိုင်ငံ သမ္မတ ဆာဂို မတ်တာရယ်လာ (ရှေ့တန်းယာ) တို့ လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

ရောမ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အီတလီနိုင်ငံ သမ္မတ ဆာဂို မတ်တာရယ်လာ (Sergio Mattarella) တို့သည် မတ်လ ၂၂ ရက်တွင် ရောမမြို့၌ တွေ့ဆုံခဲ့ပြီး ခေတ်သစ်တွင် တရုတ်-အီတလီ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုတွက် ပူးတွဲတွန်းအားပေးရန် သဘောတူခဲ့ကြောင်း သိရသည်။

မဟာဗျူဟာမြောက်နှင့် ကာလရှည် ရှုထောင့်တစ်ခုမှ နှစ်နိုင်ငံ ဆက်ဆံရေးလမ်းကြောင်းအား ဦးဆောင်လမ်းပြရန် နှစ်နိုင်ငံ ခေါင်းဆောင်များ သဘောတူခဲ့ကြသည်။

ယခုနှစ်မှာ တရုတ်-အီတလီ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေ ၁၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်သလို လာမည့်နှစ်တွင်လည်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် ကျင်းပမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ခေတ်သစ်တွင် အီတလီနိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးလမ်းကြောင်းအား ခိုင်မာစွာ ထိန်းသိမ်းသွားရန်၊ အဆင့်မြင့်ဖလှယ်မှုများ နီးကပ်စွာ လုပ်ဆောင်သွားရန်၊ နှစ်နိုင်ငံ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးနှင့် အဆင့် တိုးမြှင့်ရန် အသင့်ရှိပါကြောင်း သမ္မတ ရှီက ပြောခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား အီတလီနိုင်ငံ သမ္မတ ဆာဂို မတ်တာရယ်လာက အခမ်းအနားဖြင့် ကြိုဆိုစဉ် (ဆင်ဟွာ)

ထို့ပြင် အီတလီနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အားလုံးပါဝင်သော အကျိုးစီးပွားများနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှု နှင့်အတူ မိတ်ဖက်များဖြစ်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အီတလီနိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ရှီက ဆိုသည်။

ထို့နောက် တရုတ်-ဥရောပ ဆက်ဆံရေးတွင် ကြည့်ပါက တရုတ်နိုင်ငံက ဥရောပပေါင်းစည်းရေးကို အစဉ်အမြဲထောက်ခံအားပေးခဲ့ကြောင်းနှင့် ပြဿနာများဖြေရှင်းရာတွင် ဥရောပသမဂ္ဂ၏ အားထုတ်မှုများအား လေးစားခဲ့ကြောင်း ရှီက ပြောခဲ့သည်။

ငြိမ်းချမ်းရေး၊ တိုးတက်ရေး၊ ပြုပြင်ပြောင်းလဲရေးနှင့် လူမှုတိုးတက်ရေးများအတွက် အီးယူ-တရုတ် မိတ်ဖက်ဆက်ဆံရေး မြှင့်တင်ရာတွင် အီတလီနိုင်ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန် မျှော်လင့်ကြောင်း ရှီက ဆိုသည်။

အီတလီနိုင်ငံ သမ္မတ ဆာဂို မတ်တာရယ်လာကလည်း ၂၀၁၇ ခုနှစ်က ၎င်းအနေဖြင့် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည့် ခရီးစဉ်အား မှတ်မှတ်ရရသတိရမိသေးကြောင်း ပြောကြားရင်းဖြင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ကြိုဆိုခဲ့သည်။

အီတလီနိုင်ငံအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ပူးတွဲတည်ဆောက်မှုအပေါ် သမ္မတ ရှီ၏ ဖော်ဆောင်မှုအား ထောက်ခံပါကြောင်း၊ ယင်းက ဥရောပ အာရှ ကွန်ရက်ချိတ်ဆက်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုအား လမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်း၊ ရှေးဟောင်း ပိုးလမ်းမကြီးအား ခေတ်နှင့်အညီ ပြန်လည် ဆန်းသစ်လာစေမည်ဟု ယုံကြည်ကြောင်း မတ်တာရယ်လာက ပြောကြားခဲ့သည်။

အီလတီနိုင်ငံ သမ္မတက ခေတ်သစ်ပိုးလမ်းမကြီးအား ယဉ်ကျေးမှုဖလှယ်ရာလမ်းဟု ခေါ်ဆိုလိုက်ပြီး ၎င်း၏ နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းတွင် ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် သုံးနိုင်ငံ ဥရောပခရီးစဉ် ပထမဆုံးအဖြစ် အီတလီနိုင်ငံ ရောမမြို့သို့ မတ်လ ၂၂ ရက်က ရောက်ရှိခဲ့ကြောင်း၊ ယင်းနောက် မိုနာကိုနိုင်ငံနှင့် ပြင်သစ်နိုင်ငံသို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.