Connect with us

Europe

တရုတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံတို့က လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် ပြင်သစ်နိုင်ငံ သမ္မတ၏ သံတမန်ဆိုင်ရာ အကြံပေး Philippe Etienne တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် နျူကလီးယားစွမ်းအင်၊ လေယာဉ်၊ ဒုံးပျံတည်ဆောက်မှုနည်းပညာ၊ တီထွင်ဆန်းသစ်ခြင်း၊ ဉာဏ်ရည်တု၊ ဒီဂျစ်တယ်စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်စသည့် နယ်ပယ်များတွင် နက်ရှိုင်းစွာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ကျယ်ပြန့်စွာဆောင်ရွက်သင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မေလ ၁၇ ရက်တွင် ပြောကြားလိုက်သည်။

တရားဝင်ခရီးစဉ်အဖြစ် ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေသည့် ဝမ်သည် ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian နှင့် တွေ့ဆုံစဉ် ယခုလိုမှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

ပြင်သစ်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ အထူးသဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ မြို့ပြနျူကလီးယားစွမ်းအင်နှင့် ဆန်းသစ်တီထွင်ရေး စသည့်နယ်ပယ်များ၌ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ခေတ်သစ်ပိုးလမ်းမကြီး မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း နှစ်နိုင်ငံလုံးက ဖော်ပြခဲ့ပြီး တတိယဈေးကွက် ပူးပေါင်းဆောင်ရွက်မှုအား ချဉ်းကပ်ရေးအတွက် ဆွေးနွေးရန် သဘောတူခဲ့ကြသည်။

ဝမ်နှင့် Yves Le Drian တို့သည် အပြန်အလှန်ဆက်စပ်မှုရှိသော နိုင်ငံတကာနှင့် ဒေသတွင်း အရေးကြီး ကိစ္စရပ်များဖြစ်သော ကိုရီးယားကျွန်းဆွယ်အရေး၊ အီရန်နျူကလီးယားအရေးနှင့် အရှေ့အလယ်ပိုင်းအရေးများ အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ယင်းနေ့မှာပင် ဝမ်သည် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) နှင့်လည်းကောင်း၊ သမ္မတ၏ သံတမန်ဆိုင်ရာ အကြံပေး Philippe Etienne နှင့် ပြင်သစ်နိုင်ငံ အခြေခံဥပဒေကောင်စီ ဥက္ကဋ္ဌ Laurent Fabius တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

ဝမ်သည် လေးနိုင်ငံ ခရီးစဉ်အဖြစ် ပြင်သစ်နိုင်ငံသို့ ပထမဆုံးရောက်ရှိခဲ့ခြင်းဖြစ်သည်။ ယင်းနောက် စပိန်နိုင်ငံ၊ ပေါ်တူဂီနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံများသို့ ချစ်ကြည်ရေးခရီးသွားရောက်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.