Connect with us

Europe

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်၍ ၂၄ ကြိမ်မြောက် တရုတ်-ရုရှား နှစ်နိုင်ငံ ဝန်ကြီးချုပ် ပုံမှန်အစည်းအဝေးသို့ တက်ရောက်

တရုတ်နိုင်ငံ ၀န်ကြီးချုပ်လီခဲ့ချန်သည် စက်တင်ဘာ ၁၆ ရက်က ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်သို့ ရောက်ရှိလာစဉ်(ဆင်ဟွာ)

စိန့်ပီတာစဘာ့ဂ်၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) ၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက အထူးလေယာဉ်ဖြင့် စိန့်ပီတာစဘာ့ဂ်မြို့ Pulkovoလေဆိပ်သို့ရောက်ရှိခဲ့ရာ ရုရှားဂုဏ်ပြုတပ်ဖွဲ့က တရုတ်-ရုရှား နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများတီးမှုတ်၍ နှစ်နိုင်ငံ နိုင်ငံတော်အလံများကို လွှင့်တင်ကာ ခမ်းခမ်းနားနားကြိုဆိုခဲ့ကြောင်း သိရသည်။

ယင်းနောက်တွင် ဝန်ကြီးချုပ် လီခဲ့ချန်သည် ရုရှားအစိုးရအဆင့်မြင့်အရာရှိကြီးများနှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံ စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ရောက်ရှိလာရာတွင် ဝန်ကြီးချုပ်လီခဲ့ချန်က ယခုနှစ်သည် တရုတ်-ရုရှားသံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၇၀ ပြည့်ဖြစ်ကြောင်း၊ မကြာသေးမီက သမ္မတရှီ ရုရှားနိုင်ငံသို့ လည်ပတ်ရေးခရီးစဉ်လာရောက်ခဲ့ရာတွင် နှစ်နိုင်ငံ ဆက်ဆံရေးသည် ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဖြစ် တိုးမြှင့်နိုင်ခဲ့ရာ ပို၍အဆင့်မြင့် ဖွံ့ဖြိုးသော နှစ်နိုင်ငံဆက်ဆံရေးကဏ္ဍသစ်ကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း ၊ ယခုအကြိမ် တရုတ်-ရုရှား နှစ်နိုင်ငံ ဝန်ကြီးချုပ် ပုံမှန်အစည်းအဝေးတွင် နိုင်ငံဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုရလဒ်ကောင်းများကို တွန်းအားဖြစ်စေကာ နှစ်နိုင်ငံပြည်သူ့အကျိုးကို ပိုမိုကောင်းမွန်စွာဆောင်ကြဉ်းပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ နက်နဲရှုပ်ထွေးပြောင်းလဲနေသည့် နိုင်ငံတကာအခြေအနေနှင့် ကမ္ဘာ့စီးပွားရေးအခြေအနေ၏ ဖိအားများတွင် တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့်အတူ နိုင်ငံတကာရေးရာကိစ္စရပ်များတွင် ညှိနှိုင်းပူူးပေါင်းဆောင်ရွက်သွားကာ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒနှင့် လွတ်လပ်သောကုန်သွယ်ရေး ကို အတူကာကွယ်သွားမည်ဖြစ်ပြီး ကောင်းမွန်ပြည့်စုံသည့် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု၊ ပွင့်လင်းသည့်ကမ္ဘာ့စီးပွားရေးကို တည်ဆောက်ကာ ဒေသနှင့်ကမ္ဘာ့၏ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးကို အတူ ထိန်းသိမ်း အကျိုးဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါလည်ပတ်ရေးခရီးစဉ်တွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်သည် ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) နှင့်အတူ ဝန်ကြီးချုပ်ပုံမှန်အစည်းအဝေးတက်ရောက်သွားမည်ဖြစ ပြီး သမ္မတ ပူတင်နှင့်လည်းတွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)