Connect with us

Europe

တရုတ်ဝန်ကြီးချုပ်က ဂျာမနီနှင့် ပူးပေါင်း၍ ကုန်သွယ်ရေးဖြေလျှော့မှုများ မြှင့်တင်ရန် ပြောကြား

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ဝဲ) နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာ မာကယ် (ယာ)တို့အား မေလ ၃၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ကုန်သွယ်ရေး ဖြေလျှော့မှုများ နှင့် ရင်းနှီးမြှုပ်နှံမှုအထောက်အပံ့များ အား မြှင့်တင်ရန်အတွက် နှစ်နိုင်ငံပူးတွဲလုပ်ဆောင်သွားရန် ၎င်း၏ ဂျာမနီခရီးစဉ်အတွင်းပြောကြားခဲ့ကြောင်း သိရသည်။

လီက ကမ္ဘာ့အရေး မတည်ငြိမ်မှုများ၊ ဂလိုဘယ်လိုက်ဇေးရှင်း အား ဆန့်ကျင်သည့် အမြင်များ နှင့် ကမ္ဘာပေါ်တွင် ကိုယ်ကျိုးစီးပွားကာကွယ်ရေးစနစ်များ တိုးချဲ့လာခြင်းတို့နှင့် ရင်ဆိုင်ကြုံတွေ့ရာတွင် တရုတ်နိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့သည် ကုန်သွယ်ရေး ဖြေလျှော့မှုများ၊ ရင်းနှီးမြှုပ်နှံမှုအထောက်အပံ့များ နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းစည်းကမ်းများ ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့အား မြှင့်တင်ရန် ဆက်လက်ဆောင်ရွက်သွားသင့်ကြောင်း ဘာလင်မြို့၌ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာ မာကယ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လီ က နှစ်နိုင်ငံ သည် ကမ္ဘာ့အရေး မတည်ငြိမ်မှုများအား ပြန်လည်တည့်မတ်ရန် တည်ငြိမ်သော နှစ်နိုင်ငံဆက်ဆံရေးဖြင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး နိုင်ငံတကာ နှင့် ဒေသတွင်း ၌ တည်ငြိမ်မှု၊ ပူးပေါင်းဆောင်ရွက်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အပြုသဘောဆောင်သည့်ရလဒ်ကောင်းများ ဆောင်ကြဉ်းပေးနိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

လီ က တရုတ်နိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့သည် လျင်မြန်စွာ တိုးတက်လာပြီး ပိုမိုရင့်ကျက်သည့် နီးကပ်သော အဆင့်မြင့် ဆက်သွယ်မှုများရှိသည့် နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှု၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု နှင့် ပြည်သူအချင်းချင်း ဖလှယ်မှု နယ်ပယ်တွင် ရလဒ်သစ်များ အရှိန်အဟုန်မြင့် တိုးတက်လာမှုတို့ ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အပြန်အလှန် ယုံကြည်မှု ပိုမိုခိုင်မာလာအောင် ရှေ့ဆက်ဆောင်ရွက်သင့်ကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်လုပ်ဆောင်သင့်ကြောင်း၊ အပြန်အလှန် လေးစားမှု နှင့် သာတူညီမျှမှု စိတ်ဓါတ်ဖြင့် အချင်းချင်းဆက်သွယ်မှုကို မြှင့်တင်သင့်ကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် သည် ၂၀၀၄ခုနှစ်တွင် စတင်ခဲ့သော နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား နှစ်စဉ်ပြုလုပ်သည့် နှစ်ပတ်လည်အစည်းအဝေးပွဲတစ်ခု သို့ တက်ရောက်ရန် ဂျာမနီနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိလာခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.