Connect with us

Europe

သေဆုံးသူကလေးငယ်၏ ဖေ့ဘွတ်အကောင့်ကိုဝင်ကြည့်နိုင်ရန် မိဘများ၏ အဆိုအား ဘာလင်တရားရုံးပယ်ချ

ဖေ့ဘွတ် အသုံးပြုနေသူတစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘာလင်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

ဘာလင်မြို့ တရားရုံးချုပ် က သေဆုံးသူကလေးငယ်၏ ဖေ့ဘွတ်အကောင့်ကိုဝင်ကြည့်ခွင့်တောင်းသော ဂျာမနီလူမျိုး မိဘနှစ်ဦး၏ အဆိုအား မေလ ၃၁ ရက်တွင် ပယ်ချခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

၎င်းတို့၏ သမီးငယ်သည် လွန်ခဲ့သော ၅နှစ်ခန့်က မြေအောက်ရထားတစ်စီး ဖြင့် ကြိတ်မိကာ သေဆုံးသွားခဲ့သော်လည်း သေဆုံးရခြင်းအကြောင်းအရင်းကို ရှင်းလင်းစွာ သိရှိခြင်းမရှိသေးကြောင်း သိရသည်။ မိဘနှစ်ဦးက သမီးငယ်၏ သေဆုံးမှု သည် မတော်တဆမှု (သို့) သတ်သေမှု တစ်ခုခုဖြစ်ကြောင်း သံလွန်စရရှိနိုင်ရန် မျှော်လင့်ချက်ဖြင့် ၎င်း၏ ဖေ့ဘွတ်အကောင့်အား ဖွင့်ကြည့်နိုင်ရန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။

ဘာလင် အောက်တရားရုံး က ၂၀၁၅ခုနှစ်တွင် မိဘနှစ်ဦး၏ တောင်းဆိုချက်ကို မျက်နှာသာပေးခဲ့ပြီး လူမှုကွန်ရက်ပေါ်၌ ရေးသားမှုများသည် ကိုယ်ရေးကိုယ်တာဆိုင်ရာ စာသားများ (သို့) နေ့စဉ်မှတ်တမ်းများ ပုံစံဖြစ်၍ မိဘများ၏ စိတ်ကျေနပ်မှုကို ရရှိစေနိုင်သော သဲလွန်စများဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖေ့ဘွတ်က တရားရုံး၏ ပြောကြားချက်အား လက်မခံဘဲ အယူခံတစ်ခု တင်သွင်းခဲ့ကာ ယင်းသို့ ဖွင့်ကြည့်ခွင့်ပေးပါက ရလဒ်အနေဖြင့် အဆိုပါ မိန်းကလေးငယ်၏ အကောင့်နှင့် ဆက်သွယ်ထားသော ဖေ့ဘွတ်အသုံးပြုသူများအပေါ် ဆိုးကျိုးများဖြစ်စေနိုင်ပြီး ဆက်သွယ်ပြောဆိုမှုများကို သီးသန့်အနေဖြင့်သာ ထိန်းသိမ်းထားသင့်ကြောင်း ပြောကြားခဲ့သည်။

မိဘများ၏ တောင်းဆိုချက်သည် ဂျာမနီနိုင်ငံ၏ ဥပဒေအရ ကာကွယ်ထားသော တယ်လီကွန်းဆက်သွယ်မှုဆိုင်ရာ ကိုယ်ရေးလုံခြုံမှုကို ဆန့်ကျင်နေ၍ ဒေသတွင်း တရားရုံးချုပ်အနေဖြင့် ပယ်ချခဲ့ရခြင်းဖြစ်ကြောင်း တရားသူကြီးချုပ် က ပြောကြားခဲ့သည်။

ဖေ့ဘွတ်က မိဘများ၏ ဆန္ဒကို အလေးထားကြောင်း ဖော်ပြခဲ့ပြီး မိသားစုများကိုလည်း ကူညီနိုင်သလို အခြားသူများ၏ ကိုယ်ရေးကိစ္စများကိုလည်း ထိခိုက်မှုမရှိစေနိုင်သည့် ဖြေရှင်းမှုမျိုးကို ရှာဖွေသွားမည်ဖြစ်ကြောင်း ဖေ့ဘွတ်၏ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

အဆိုပါ အမှုသည် ပြီးဆုံးသေးဦးမည်မဟုတ်ဘဲ ဂျာမနီနိုင်ငံ၏ အမြင့်ဆုံးတရားရုံးသို့ ရောက်ရှိသွားနိုင်ခြေရှိကြောင်း တရားသူကြီးချုပ် က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.