Connect with us

Europe

တူရကီ နိုင်ငံ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့ကာ ၁၃ ဦး သေဆုံး

တူရကီ နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ ရဟတ်ယာဉ် တစ်စင်း ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အန်ခါလာ ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်း သည် မေလ ၃၁ ရက်နေ့ ညပိုင်းအချိန်တွင် Şırnak ပြည်နယ် အရှေ့တောင်ပိုင်း ဒေသတွင် ပျက်ကျ ခဲ့ပြီး ရဟတ်ယာဉ် ပေါ်တွင် လိုက်ပါသွားသည့် လူ ၁၃ ဦး အားလုံး သေဆုံး ခဲ့ရသည်။

တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ ညွှန်ကြားရေး ဌာနချုပ် က အခင်းဖြစ်ပွားပြီးနောက် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဒေသစံတော်ချိန် ၂၀ နာရီ ၅၅ မိနစ် ခန့်တွင် စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်သည် Şırnak ပြည်နယ် မှ စတင်ပျံသန်း ပြီးနောက်တွင် ဗို့အားမြင့် လျှပ်စစ် ဓာတ်ကြိုး နှင့် တိုက်မိကာ ရဟတ်ယာဉ် မှ မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ပြီး ရဟတ်ယာဉ်ပေါ်ရှိ လူ ၁၃ ဦးလုံး သေဆုံး ခဲ့ရကြောင်း ကြေညာ ခဲ့သည်။

တူရကီ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ လက်ရှိချိန်တွင် တူရကီ နိုင်ငံ ကာကွယ်ရေးဝန်ကြီး Fikri Işık နှင့် အစိုးရ တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် စသည်တို့မှ အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး နှင့် စုံစမ်း စစ်ဆေးရေး လုပ်ငန်းများကို ညွှန်ကြားဆောင်ရွက် နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.