Connect with us

Europe

တရုတ် နိုင်ငံ နှင့် အီးယူ သံတမန် ဆက်ဆံရေး နှစ် ၄၀ ပြည့်မြောက် ခြင်းအတွက် နှစ်ဖက် ခေါင်းဆောင်များ သဝဏ်လွှာ ပေးပို့

တရုတ် နိုင်ငံ နှင့် အီးယူ သံတမန် ဆက်ဆံရေး နှစ် ၄၀ ပြည့်မြောက် ခြင်း အခမ်းအနားပြီးဆုံးချိန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပုံ (ဆင်ဟွာ)

ပေကျင်း ၊ မေ ၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် Li Keqiang နှင့် အီးယူ ခေါင်းဆောင် များသည် သံတမန် ဆက်ဆံရေး နှစ် ၄၀ ပြည့်မြောက်ခြင်း အတွက် မေလ (၆) ရက်တွင် အထိမ်းအမှတ် ဂုဏ်ပြု သဝဏ်လွှာ အပြန်အလှန် ပေးပို့ခဲ့ကြ သည်။

ပြီးခဲ့သည့် နှစ်ပေါင်း ၄၀ တွင် တရုတ်နိုင်ငံနှင့် အီးယူသည် နှစ်ဦးနှစ်ဖက် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများ ထိန်းသိမ်း ခဲ့ကြောင်း ဝန်ကြီးချုပ်လီက အီးယူ ကောင်စီ ဥက္ကဌ Donald Tusk နှင့် အီးယူ ကော်မရှင် ဥက္ကဌ Jean-Claude Juncker ထံသို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ ခဲ့သည်။

နှစ်ဦးနှစ်ဖက် အနေဖြင့် စိန်ခေါ်မှုများနှင့် ဒေသတွင်း သာမက ကမ္ဘာတွင် ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး ၊ ဖွံ့ဖြိုးရေး များကို ပိုမို ကောင်းမွန်အောင် ပူးပေါင်း လုပ်ဆောင် နိုင်ခဲ့ကြောင်း ဝန်ကြီးချုပ် လီက မိန့်ခွန်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် အီးယူသည် နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် ဖွံ့ဖြိုးမှု လမ်းကြောင်းကို ရှာတွေ့ခဲ့ကာ တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးသည့် မိတ်ဖက်များ ဖြစ်ကြသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

တရုတ် နိုင်ငံသည် အီးယူ ပေါင်းစည်းရေးကိုထောက်ခံသည်။ အီးယူနှင့် အတူ ဘက်စုံ မဟာဗျူဟာ ဆက်ဆံရေးကို ပိုမို ခိုင်မြဲ တိုးတက်နိုင်ရန် ပူးပေါင်း ဆောင်ရွက်ကြောင်း ဝန်ကြီးချုပ် လီက ပြောသည်။

“ရှေ့လုပ်ငန်းစဉ် အနေနဲ့ ၁၇ ကြိမ်မြောက် တရုတ်-အီးယူ ခေါင်းဆောင်များ အစည်းအဝေးကို အတူတကွ သဘာပတိ လုပ်ဆောင် သွားဖို့ မျှော်လင့်ချက် ထားပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အီးယူ အကြီးအကဲ များက တရုတ် နိုင်ငံနှင့် အီးယူ အနေဖြင့် ကုန်သွယ်မှု ၊ စီးပွားရေး ၊ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး ၊ သံတမန် ဆက်ဆံရေးမျာ းဖွံ့ဖြိုး တိုးတက်ရေး ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၊ ပြည်သူချင်း ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး ၊ စသည်များကို အတူတကွ အောင်မြင်အောင် ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သဝဏ်လွှာတွင် ပြောကြားသည်။

လာမည့် ၁၇ ကြိမ်မြောက် အစည်းအဝေးတွင် တရုတ်နိုင်ငံနှင့် အီးယူ အကြီးအကဲများ အနေဖြင့် အီးယူ-တရုတ် ၂၀၂၀ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး စီမံချက်ကို ဆက်လက် အကောင်အထည် ဖော် ဆောင်ရွက်သွားရန် မျှော်လင့် ကြောင်း အီးယူ အကြီးအကဲ များက ပြောကြားခဲ့သည်။ (Xinhua)