Connect with us

Europe

Germanwings လေယာဉ် ၏ လက်ထောက် လေယာဉ်မှူး မိမိကိုယ်ကို သတ်သေရန် ကြံစည် ခဲ့ကြောင်း အစိုးရရှေ့နေ ပြောကြား

Germanwings လေကြောင်းလိုင်းမှ လေယာဉ် တစ်စီးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင် ၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

ပျက်ကျခဲ့သည့် ဂျာမနီ လေယာဉ် Germanwings 4U9525 ၏ လက်ထောက် လေယာဉ်မှူးသည် လေယာဉ် မပျက်ကျမီ ရက်ပိုင်းအတွင်း မိမိ ကိုယ်ကို သတ်သေရန် ကြံစည်ခဲ့ကြောင်း အထောက်အထား ရှာဖွေတွေ့ရှိ ခဲ့ရကြောင်း Duesseldorf မှ အစိုးရ ရှေ့နေက ဧပြီလ (၂) ရက်တွင် ပြောကြားသည်။

စုံစမ်း စစ်ဆေးသူများ၏ ရှာဖွေ တွေ့ရှိချက် အရ လက်ထောက် လေယာဉ်မှူးသည် အင်တာနက်မှ တဆင့် လေယာဉ်လုံခြုံရေးနှင့် သေကြောင်းကြံစည်မှုဆိုင်ရာ နည်းလမ်းများကို ရှာဖွေ ခဲ့ကြောင်း ဆိုသည်။

လက်ထောက် လေယာဉ်မှူးသည် ယာဉ်မောင်းလက်မှတ်မရမီ ယခင် နှစ်များစွာတွင် မိမိကိုယ်ကို သေကြာင်း ကြံစည် ခြင်းများကြောင့် စိတ်ပိုင်းဆိုင်ရာ ကုသမှု ခံယူခဲ့သည်ဟု အစိုးရ ရှေ့နေက အတည်ပြု ပြောကြားခဲ့သည်။

လေကြောင်းလိုင်း၏ ပြောဆိုချက် အရ ထိုလက်ထောက် လေယာဉ်မှူးသည် လေယာဉ်မောင်း သင်တန်းတွင် လပေါင်းများစွာ ပျက်ကွက် ခဲ့သော်လည်း ၎င်း၏ ကျန်းမာရေးမှာ လေယာဉ် မောင်းနှင်ရန် ကျန်းမာ ကြံ့ခိုင်သည် ဆိုသည့် ကျန်းမာရေး ထောက်ခံချက်ကြောင့် လက်ခံ ခဲ့ကြောင်း သိရသည်။

ပြင်သစ် အစိုးရရှေ့နေ Andreas Lubitz ၏ ဖော်ထုတ် ချက်အရ လက်ထောက် လေယာဉ်မှူးသည် ရည်ရွယ်ချက် ရှိရှိဖြင့် လေယာဉ်ကို ပျက်ကျစေ ခြင်းဖြင့် လက်ထောက် လေယာဉ်မှူးကိုယ်တိုင် နှင့် စီးနင်း လိုက်ပါလာသူ ၁၄၉ ဦးတို့ တစ်ဦးမကျန် သေဆုံးစေခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုလေယာဉ်ကို ၁၉၉၁ ခုနှစ် ကထုတ်လုပ်ပြီး Germanwing လေကြောင်းလိုင်းတွင် သက်တမ်း အကြာဆုံး လေယာဉ်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.