Connect with us

Europe

တူရကီတွင် ယာဉ်တစ်စီးက လမ်းသွားလမ်းလာများကို ဝင်တိုက်၍ လူ ၅ဦး ဒဏ်ရာရရှိ

တူရကီနိုင်ငံတွင် ယခင်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ တွင် အောက်တိုဘာ ၂ ရက်က လမ်းသွားလမ်းလာများကို တူရကီလူမျိုးတစ်ဦး က မောင်းနှင်လာသော ယာဉ်တစ်စီးဖြင့် ဝင်တိုက်ခဲ့၍ လူ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း သတင်း၌ဖော်ပြခဲ့သည်။

အဆိုပါ မတော်တဆမှုသည် အစ္စတန်ဘူလ်မြို့ အလယ်ပိုင်း Bakirkoy ခရိုင် ရှိ အရှုပ်ထွေးဆုံး လမ်းမများအနက်တစ်ခု တွင် ဖြစ်ပွားခဲ့ကြောင်း Haberturk ရုပ်သံလိုင်းကဖော်ပြခဲ့သည်။

ယာဉ်မောင်းသူသည် ကားအတွင်း၌ အမျိုးသမီးတစ်ဦးအား ရိုက်နှက်နေသည်ကို လမ်းသွားလမ်းလာများက တွေ့ရှိ၍ ၎င်းထံ ဒေါသတကြီးဝိုင်းအုံလာစဉ် အဆိုပါ ယာဉ်မောင်း က လူအုပ်အား ကားဖြင့်ဝင်တိုက်ခဲ့ပြီး လူများစွာ ထိခိုက်မိခဲ့ကာ ၎င်းအား ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.