Connect with us

Europe

တူရကီနိုင်ငံက လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သွင်းကုန်အချို့အပေါ် အခွန်မြှင့်တင်

တူရကီနိုင်ငံ သမ္မတ ရီဆတ် တေယစ် အာဒိုဂန် အားတွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ သမ္မတ ရီဆတ် တေယစ် အာဒိုဂန် သည် မော်တော်ယာဉ်များ၊ ယမကာများ နှင့် ဆေးရွက်ကြီး အပါအဝင် အမေရိကန်သွင်းကုန်တစ်ချို့အပေါ် အခွန်နှုန်းတိုးမြှင့်သည့် အမိန့်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သြဂုတ် ၁၅ရက် တရားဝင်ထုတ်ပြန်ချက်တစ်ခု အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အခွန်နှုန်းတိုးမြှင့်လိုက်သည့် အမိန့်အရ ခရီးသည်တင်ကားများ အပေါ် အခွန် ၁၂၀ရာခိုင်နှုန်း၊ ယမကာများအပေါ် အခွန် ၁၄၀ရာခိုင်နှုန်း နှင့် ဆေးရွက်ကြီးများအပေါ် အခွန် ၆၀ရာခိုင်နှုန်း တိုးမြှင့်သွားသည့်အပြင် အလှကုန်ပစ္စည်းများ၊ ဆန်စပါး နှင့် မီးသွေးတို့၏အခွန်နှုန်းများလည်း တိုးမြှင့်သွားကြောင်းသိရသည်။

ယခုကဲ့သို့လုပ်ဆောင်မှုသည် တူရကီနိုင်ငံအပေါ် အမေရိကန်နိုင်ငံက စီးပွားရေးအရ တိုက်ခိုက်မှုကိုပြန်လည် တုံ့ပြန်ခြင်းဖြစ်ကြောင်း နိုင်ငံ၏ ဒုတိယသမ္မတ Fuat Oktay က တွစ်တာ၌ရေးသားခဲ့သည်။

မကြာသေးမီက ရက်သတ္တပတ်များအတွင်း အချို့သော သံတမန်ပြဿနာရပ်များ နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ နှင့် ၎င်း၏ နေတိုးမဟာမိတ်နိုင်ငံများအကြား တင်းမာမှုများမြင့်တက်လာနေစဉ် ယင်းဆောင်ရွက်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထရမ့်အစိုးရသည် ပြီးခဲ့သော သြဂုတ် ၁၀ ရက် က တူရကီနိုင်ငံမှ တင်သွင်းသည့် သံမဏိ နှင့် အလူမီနီယံ များအပေါ် အခွန် ၂ဆ တိုးမြှင့်ခဲ့ပြီး တူရကီနိုင်ငံ၏ လိုင်ရာငွေကြေးကို စံချိန်တင် ကျဆင်းသွားစေခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.