Connect with us

Europe

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါပိုး အထိန်းအကွပ်မဲ့ပြန့်ပွား လာမည်ကို စိုးရိမ်မိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆို

သြဂုတ် ၁၄ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Dr.Tedros အား တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

မကြာသေးမီက ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါပိုးဖြစ်ပွားသည့်နေရာများကို သွားရောက်လေ့လာခဲ့ရာ ယင်းဒေသ၏ ရောဂါထိန်းချုပ်ကာကွယ်သည့် အခြေအနေကို ပို၍ စိုးရိမ်မိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Dr.Tedrosက သြဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ရောဂါဖြစ်ပွားရာ နေရာများတွင် လုံခြုံရေးအခြေအနေတင်းမာနေဆဲဖြစ်ရာ ကူညီ ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို ပို့ဆောင်ရာတွင် အလွန်အခက်အခဲဖြစ်နေ သောကြောင့် အီဘိုလာရောဂါပိုးမှာ အထိန်းအကွပ်မဲ့ပြန့်ပွားလာနိုင်သည်ဟု ၎င်းက ဆိုသည်။

ယင်းနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် Dr.Tedrosက ကွန်ဂို အီဘိုလာရောဂါပိုး ဖြစ်ပွား သည့် North Kivu ပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့ ၁၀၀ ကျော်ရှိ ကြောင်း ၊ယခုနှစ် ဇန်နဝါရီလမှ စပြီး လက်နက်ကိုင်ပဋိပက္ခ ၁၂၀ ခန့် ဖြစ်ပွားခဲ့ကြောင်း ၊ ထိုဒေသသို့ သွားရောက်လေ့လာစဉ်တွင် ၎င်းတို့ နှင့် ၁၅ ကီလိုမီတာခန့်အကွာအဝေးရှိ နေရာတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူအချို့ သေဆုံးခဲ့ပြီး လူပေါင်းများစွာ ပြန်ပေးဆွဲခံရကြောင်း၊ ယခုကဲ့သို့ ဆိုးဝါးလှသည့် လုံခြုံရေး အခြေအနေ ကြောင့် ကူညီကယ်ဆယ်ရေးဝန်ထမ်းများနှင့်ထောက်ပံ့ရေးပစ္စည်းများကို ရောဂါဖြစ်ပွား ရာနေရာသို့ ပို့ဆောင်ပေးရန် အခက်အခဲများစွာနှင့် ကြုံတွေ့နေရကြောင်း ၊ ရောဂါပိုးသည် လူအားလုံး အတွက် အန္တရာယ်ဖြစ်စေနိုင်သောကြောင့် ပဋိပက္ခဖြစ်ပွားမှုများ ချက်ချင်း ရပ်တန့်ရန် တိုက်တွန်း ကြောင်း ပြောကြားခဲ့သည်။

North Kivu ပြည်နယ်တွင် ဒုက္ခသည်ပေါင်း ၁၀ သိန်းကျော်လက်ခံထားပြီး လူဦးရေသိပ်သည်းနေ သလို ပြောင်းရွှေ့နေထိုင်မှုလည်းများသောကြောင့် ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများတွင် အကျပ်အတည်းကြုံတွေ့နေရကြောင်း၊ လက်ရှိ ကာကွယ်ဆေးထိုးသည့်လုပ်ငန်းကို တိုးမြှင့်လုပ်ဆောင် ရန် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.